Tuesday, May 3, 2016

"လိုအပ်တာထက် ပိုကောင်းမိတဲ့အတွက် ရရှိမယ့် ဆိုးကျိုး (၅) ခု"


"လိုအပ်တာထက် ပိုကောင်းမိတဲ့အတွက် ရရှိမယ့် ဆိုးကျိုး (၅) ခု"

အလွန်အကျွံဆိုတာ ဘယ်အရာမှ မကောင်းပါဘူး။

အားနာစိတ်၊ သနားစိတ်တွေနဲ့ လူတကာအပေါ် အကောင်းလွန်မိရင် သင့်အတွက် ကောင်းကျိုးဆိုတာထက် ဆိုးကျိုးတွေရဖို့ ပိုများပါတယ်။

၁။ လူတွေက သင့်ကို ပျော့ညံ့သူလို့ မြင်တယ်

သင့်ကို ဘယ်သူကမှ သဘောကောင်းသူလို့ မချီးကျူးပါဘူး။ ပျော့ညံ့သူလို့ မြင်ပြီး သင့်ဆီက အခွင့်အရေးတွေသာ ယူသွားပါလိမ့်မယ်။

၂။ ကိုယ့်ကိုကိုယ်ကောင်းဖို့ မေ့နေတယ်

သူများအတွက် ကြည့်နေရတာနဲ့ ကိုယ့်ပျော်ရွှင်မှုနဲ့ ကိုယ့်လိုအင်တွေကို မေ့နေတတ်ပါတယ်။ သူများအပေါ် ကောင်းနိုင်ပါတယ်။ ကိုယ့်ကို ထိခိုက်လာတဲ့အထိ သူများအပေါ် ကောင်းမိနေပြီဆိုရင်တော့ သင့်အတွက် အန္တရာယ်ရှိပါတယ်။။

၃။ မကောင်းတဲ့သူတွေ သင့်အနားမှာ ဝိုင်းနေမယ်

ကြင်နာခြင်း၊ စိတ်ထားကောင်းခြင်းဆိုတာ ဆက်ဆံရေးတွေကို ခိုင်မြဲစေတာမှန်ပေမဲ့ ကန့်သတ်ချက်ဆိုတာ ရှိရပါမယ်။ ကိုယ့်အပေါ် လုံးဝမကောင်းတဲ့သူအပေါ် အမြဲ သည်းခံခွင့်လွှတ်တတ်တဲ့သူ ဖြစ်တဲ့အတွက် တခြားသူတွေနဲ့ မတည့်သူ၊ အမြဲ အနိုင်လိုချင်သူတွေကတော့ သင့်ကို ဘယ်တော့မှ ခွာသွားမှာမဟုတ်ပါဘူး။

၎။ စိတ်အနှောင့်အယှက်ပေးသူတွေ ပေါမယ်

စိတ်ရင်းကောင်းသူ ဖြစ်တဲ့အတွက် အကူအညီတောင်းတိုင်း၊ သူများ ခိုင်းတိုင်း အားနာပါးနာ လုပ်ပေးတတ်သူဖြစ်လေတော့ လိုအပ်တိုင်း သင့်ကို သတိရမယ့်သူတွေကလည်း မရှားဘူးပေါ့။ သင်အားတာ မအားတာ၊ စိတ်ကြည်တာ မကြည်တာ သူတို့ မသိဘူး၊ သိအောင်လည်း သင်က ပြောမှာမဟုတ်ဘူး (အားနာလို့လေ)။

၅။ သင့်ရဲ့မျှော်လင့်ချက်တွေ ဖြစ်လာမှာမဟုတ်ဘူး

သူများအပေါ် အရမ်းကောင်းတဲ့အတွက် လူတွေဆီကလည်း အဲဒီလိုပဲ ပြန်ကောင်းမွန်ဖို့ မျှော်လင့်ကြတယ်။ မျှော်လင့်သာ မျှော်လင့်တယ် ကိုယ်လိုချင်တာကို ရအောင်ယူဖို့ ဖိအားမပေးတတ်၊ မပေးချင်ပြန်ဘူး။ အဲဒီတော့ သင့်ရဲ့မျှော်လင့်ချက်တွေကို ရင်ထဲမှာပဲ မြိုသိပ်ရင်း အမြဲတမ်း အရှုံးကိုသာ လက်ခံရတယ်။

Source & Photo : Life

Credit: duwun

No comments:

Post a Comment