Tuesday, May 3, 2016

"ချစ်သူ/ ခင်ပွန်းက သင့်ကို ချစ်နေသေးလားဆိုတာ သိစေဖို့"


"ချစ်သူ/ ခင်ပွန်းက သင့်ကို ချစ်နေသေးလားဆိုတာ သိစေဖို့"

သူ ကျွန်မကို ချစ်သေးလား…? မချစ်တော့ဘူးလား…?၊ အသစ်တွေ့လို့ အချစ်ကို မေ့နေပြီလား…? ရင်မအေးရတဲ့
ကောင်မလေးတွေ၊ လင်ယောက်ျားအပေါ်မှာ စိုးရိမ်နေရတဲ့ အိမ်ထောင်သည် အမျိုးသမီးတွေ ရှိမယ်ထင်ပါတယ်။ အောက်ပါမေးခွန်းလေးတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါ။ အဖြေရှင်းသွားပါလိမ့်မယ်။

(၁) အလုပ်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရလား…?

တစ်ခါတလေ တစ်စုံတစ်ယောက်ဟာ အလုပ် (သို့) သူနဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ ဖိအားတွေ များတဲ့အခါ မဆိုင်တဲ့သူကို အပြစ်ဖို့ ရန်ရှာတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုး ခဏခဏ သင် ရင်ဆိုင်နေရတယ်ဆိုရင် သင်တို့နှစ်ယောက် ဆက်ဆံရေးက ပိုဝေးဖို့ ရှိနေပါတယ်။

(၂) အရင်ကလို အသေးအဖွဲလေးတွေ လုပ်ပေးသေးလား…?

ချစ်သူဟာ ချစ်သူဘ၀လို လင်ယောက်ျားအဖြစ် ပြောင်းလဲရောက်ရှိခဲ့တယ်ဆိုရင် အရင်ကလို သင့်အပေါ် ဂရုစိုက်မှုလေးတွေ လျှော့သွားပြီလား… ဆက်ပြီး လုပ်ပေးနေဆဲပဲလား ဆိုတာ… သင့်ကိုယ်တိုင် ခွဲခြား သိပါစေ။

(၃) ညဥ့်နက်မှ ပြန်လာသလား…?

ညဥ့်နက်မှ ပြန်လာတိုင်း ဇနီးမယား/ချစ်သူအပေါ်မှာ စိတ်ကုန်တယ်လို့ ယူဆလို့ မရပါဘူး။ ဒါပေမယ့်… အဲဒီလို ညဥ့်ဆက်များလာပြီဆိုရင်တော့ သင် သတိထားသင့်နေပါပြီ။ အပြင်မှာ အငယ်အနှောင်းများ တွေ့နေသလား… စုံစမ်းသင့်က စုံစမ်းရမယ့် အချိန်ပါ။

(၄) စိတ်ဝင်တစား မေးခွန်းတွေ မေးသလား…?

ဟိုးအရင်တုန်းကလို… ရုံးကနေ အားရင် အားသလို… မိန်းမ နေကောင်းလား… ကလေးတွေကို ဂရုစိုက်နော်… မီးရေးထင်းရေး သတိထား… အပြင်သွားရင် သော့ခတ်ဦး… ရေချိုးပြီး ပန်ကာရှေ့ထိုင်မနေနဲ့ဦး စသည်ဖြင့် အလ္လာပ သလလာပ မေးခွန်းတွေ သင့်ကို မေးနေဆဲ ပြုမူနေဆဲဆိုရင် သင့်အပေါ်မှာ သူ ချစ်နေပါသေးတယ်။

(၅) နှစ်ဦးဆိုင်နာမ်ကို သုံးနေဆဲပဲလား…?

သဒ္ဒါနည်းအရတော့ နှစ်ဦးဆိုင်နာမ်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် လင်ရယ်မယားရယ်… ချစ်သူ ရည်းစားတို့ဘ၀မှာတော့ “ငါတို့” “တို့တစ်တွေရဲ့” စတဲ့ နာမ်စားတွေဟာ နှစ်ဦးဆိုင်နာမ်တွေ ဖြစ်ပါတယ်။ ဒါလေးတွေ သုံးနေသေးရင် သင့်ကို သူ ချစ်နေဆဲပါဘဲ။

(၆) သူ့မိဘတွေက ထူးဆန်းတဲ့အပြုအမူတွေ လုပ်သလား…?

သားဖြစ်သူဟာ သင့်အပေါ် စိတ်ကုန်ရင် သူ့မိဘတွေကိုတော့ ပြောပါလိမ့်မယ်။ အဲဒီလိုနဲ့ မိဘတွေဟာ ပြောဖန်များလာလေ သင့်ကို စိမ်းကားသလိုလို၊ စကားမပြောချင်သလိုလို၊ မမြင်ချင်ယောင် တမင်ဆောင်တာတွေမျိုးတွေ ရှိလာရင် သင့်မှာ သူအမုန်းရဲ့ သက်ရောက်မှု ခံနေရပြီလို့ မှတ်ယူပါ။

(၇) မရိုးသားဘူးလို့ ခံစားရသလား…?

သူ့ကို သင့်စိတ်ထဲမှာ အရင်ကလို မရိုးသားတော့ဘူးလို့ ခံစားနေရပြီလား… ဒါမှမဟုတ်… အဲဒီလို ခံစားရဖို့ သံသယဖြစ်ဖွယ် အချက်တွေ သင် သိတန်သလောက် သိထားပြီလား။ ဒီလိုအခြေကလည်း သင့်အတွက်တော့ မကောင်းနိုင်ပါဘူး။

နတ်စည်တော် (Shwemom)

Credit: Shwemom

No comments:

Post a Comment