Monday, May 2, 2016

"တစ်ယောက်တည်းနေသူတွေ သိထားသင့်တဲ့ အရာများ"


"တစ်ယောက်တည်းနေသူတွေ သိထားသင့်တဲ့ အရာများ"

တစ်ယောက်တည်းနေတဲ့အခါ ကိုယ့်ကိုယ်ကို ကြိုတင်ကွာကွယ်ဖို့အတွက် လုံခြုံရေး၊ ကျန်းမာရေး၊ စိတ်ပျော်ရွှင်မှု စတာတွေအတွက် အောက်ပါအချက် (၇) ချက်ကို သိထားသင့်ကြောင်း ဖော်ပြလိုက်ပါတယ်။

(၁) ခင်မင်ရသူတစ်ယောက်ယောက်ကို သော့တစ်ချောင်းပေးထားပါ

မိမိနဲ့အရင်းနီးဆုံး သူငယ်ချင်း တစ်ယောက်ယောက်ကို အိမ် (သို့) အခန်းကို အချိန်မရွေး လာလည်နိုင်ဖို့ သော့တူတစ်ချောင်း ပေးအပ်ထားသင့်ပါတယ်။ ဒါက သင့်ရဲ့ လုံခြုံရေးအတွက်လည်း အရေးပါပါတယ်။

(၂) လိုအပ်နိုင်မယ့်အရာလေးတွေ ၀ယ်ယူစုဆောင်းပါ

တစ်ယောက်တည်း နေတဲ့အခါ ပစ္စည်းတစ်ခုကို လိုမှ အပြင်ကို ထွက်ဝယ်ခြင်းထက်၊ လောလောဆယ် အသုံးမလိုသေးသော်လည်း နောင်တစ်ချိန်ချိန်မှာ အသုံးဝင်လာနိုင်စရာရှိတဲ့ ပစ္စည်းမျိုး၊ ကြာရှည်ခံမယ့် ပစ္စည်းမျိုးတွေကို စုဆောင်းထားပါ။

(၃) အင်းဆက်/ ကြွက်တို့ရန်မှ ကာကွယ်ဖို့ Peppermint oil စတာတွေကို အသုံးပြုပါ

များသောအားဖြင့် အမျိုးသမီးတွေဟာ အင်းဆက်တွေ၊ ကြွက်တွေ၊ ဖားတွေကို ကြောက်တတ်ပါတယ်။ ဒီတော့ တစ်ယောက်တည်းနေတဲ့အခါ အဲဒီအကောင်တွေကို မြင်ပြီး စူးစူးဝါးဝါး အော်ရခြင်းမှ ကင်းဝေးအောင် အင်းဆက်တွေ၊ ကြွက်တွေ မလာနိုင်တဲ့ Peppermint oil တွေကို အခန်းအနှံ့မှာ ဖြန်းတာမျိုးတွေ၊ ပရွက်ဆိတ်နဲ့ ပိုးဟပ်တွေ မလာနိုင်ဖို့အတွက် လေညှင်းဆီကဲ့သို့သော ထုတ်ကုန်တွေကို သုံးနိုင်ပါတယ်။

(၄) ကိုယ်လုံးပေါ်မှန်တစ်ချပ်ကို အသုံးပြုပါ

ယုံကြည်မှုကို တည်ဆောက်တဲ့အခါမှာ တစ်ကိုယ်ရေ တစ်ကာယသမားတွေအတွက် မှန်က အလွန်အသုံးဝင်ပါတယ်။ မှန်ကိုကြည့်ပြီး မိမိရဲ့ သွင်ပြင်လက္ခဏာ အားနည်းချက်တွေကို သိနိုင်သလို၊ စိတ်ဓာတ်ခိုင်မာမှုကိုလည်း တည်ဆောက်နိုင်ပါတယ်။

(၅) အဖုံးတွေ ဖွင့်မရတဲ့အခါ သားရေကွင်းကို သုံးပါ

တစ်ကိုယ်ရေသမားဖြစ်တဲ့အတွက် အကူအညီ ရုတ်တရက်လိုတဲ့အခါ ကူမယ့်သူကို ခေါ်တာထက် ကိုယ့်ဘာသာ ပြဿနာ အသေးအဖွဲ့လေးတွေကို ဖြေရှင်းတတ်အောက် လုပ်ထားသင့်ပါတယ်။ ဥပမာ- ဆီပုလင်း အဖုံးဖွင့်မရတဲ့အခါမျိုးမှာ
သားရေကွင်း၊ တိပ်၊ အ၀တ်စတာတွေရဲ့ အကူအညီနဲ့ ဖွင့်လို့ရအောင် လုပ်လို့ရပါတယ်။

(၆) ကိရိယာအသုံးပြုညွှန်းစာတွေကို လွှင့်မပစ်ပါနဲ့

ကိုယ့်မှာ ကိရိယာတန်ဆာပလာတွေ ရှိနေပါလျှက် ဘယ်လိုသုံးရမလဲဆိုတာ မသိတာမျိုးဖြစ်တဲ့အခါ အသုံးပြုပုံဖော်ပြချက် ညွှန်းစာကို ပြန်ပြီး လေ့လာနိုင်ပါတယ်။ ဒီစာရွက်တွေ လွှင့်ပစ်လိုက်ရင် အရေးပေါ်လိုအပ်တဲ့အခါ အခက်အခဲ ဖြစ်တတ်ပါတယ်။

(၇) လေးလံတဲ့ပစ္စည်းတွေ ရွှေ့ဖို့ Windex ကို သုံးပါ



Windex ဆိုတာ ချောဆီတစ်မျိုးပါဘဲ။ လေးလံတဲ့ ပစ္စည်းတွေကို သုံးတဲ့အခါ အဲဒီပစ္စည်းတွန်းပို့မယ့် လမ်းကြောင်းကို ဖြန်းပေးတာနဲ့ ရွှေ့ပြောင်းရ လွယ်ကူသလို၊ အိမ်ကြမ်းခင်းလည်း ပျက်စီးမှု မရှိပါဘူး။

(၈) အပြင်ကိုထွက်မယ်ဆိုရင် နှစ်ခါစစ်ဆေးပါ

အိမ်အပြင်ကို ထွက်မယ်ဆိုရင် ပွင့်နေတဲ့ တံခါးတွေ ကျန်သေးလား၊ မီးခလုတ်တွေ ရေဒလက်တွေ ပိတ်ပြီးပြီလား၊ မီးကြွင်း မီးကျန်ရှိလား စတာတွေကို နှစ်ကြိမ် ပြန်စစ်ဆေးပေးပါ။ ဒါက ဘ၀စည်းစိမ်ကို ကာကွယ်ပေးရာလည်း ရောက်ပါတယ်။

နတ်စည်တော် (Shwemom)

Credit: Shwemom

No comments:

Post a Comment