Friday, April 29, 2016

"ဆက်မတွဲသင့်တော့တဲ့ ချစ်သူရဲ့ လက္ခဏာရပ်များ"


"ဆက်မတွဲသင့်တော့တဲ့ ချစ်သူရဲ့ လက္ခဏာရပ်များ"

အချစ်ရဲ့ ကျေးကျွန်တွေလို့ သူတို့ကို ခေါ်ကြပါတယ်။ တစ်ချို့ကကျတော့ ကရုဏာဒေါသနဲ့ ၀ဋ်ရှိလို့ ခံနေရရှာတာပါလို့ ဆုံးဖြတ်တတ်ကြပါတယ်။ အဲဒီလူတွေက ဘယ်သူတွေလဲ …???။ ရုန့်ရင်းကြမ်းတဲ့တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ သူတွေပါဘဲ။ ဒီတော့ ရုန့်ရင်းကြမ်းတမ်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားသူတွေရဲ့ လက္ခဏာရပ် (၇) မျိုးကို မျှဝေပေးလိုက်ပါတယ်။

(၁) လှောင်အိမ်ထဲက ငှက်

အရင်ဆုံး သင့်ချစ်သူဟာ သင့်အပေါ် တစ်နှစ်လောက်တော့ ရွှန်းရွှန်းဝေအောင် ချစ်ပြပါလိ့မ်မယ်။ နောက်တော့ မသွားနဲ့၊ မလုပ်နဲ့၊ မကြည့်နဲ့၊ ကျွေးတာစား၊ ခိုင်းတာလုပ်၊ အခန်းထဲမှာပဲ ကုပ်နေဆိုပြီး ပြုမူလာခဲ့ရင် သင် မကြာပါဘူး အောက်ပါအချက်တွေ ဆက်လာဦးမယ်ဆိုတာ။

(၂) သေးသိမ်ပြီး အရှက်ရစေမှု

သင်တို့ဆီကို ဧည့်သည်တစ်ယောက် ရောက်လာတယ်ဆိုပါစို့။ သင့်ကို ဘယ်လိုဖျင်းကြောင်း နုံကြောင်း လက်ပေါက်ကပ်ကြောင်း အလိုက်မသိကြောင်း စတဲ့ မဟုတ်မဟတ် စကားတွေနဲ့ သင့်ပေါင်ကို လှန်ထောင်းပါလိမ့်မယ်။

(၃) အခြေအမြစ်မခိုင်မာတဲ့ စွပ်စွဲခံရမှု

အဲဒီနောက်ပိုင်း သူ့စိတ်ထဲမှာ မလိုအပ်ပဲ အမုန်းတွေ ပိုပွားလာပြီး တွေ့တာနဲ့ ဘာမှမဆိုင်တဲ့လူနဲ့ စွပ်စွဲမယ်၊ ဘာမှ ပြန်ဖြေရှင်းလို့မရ။ တစ်ယောက်နဲ့ စွပ်စွဲလို့မရရင် နောက်တစ်ယောက်နဲ့ စွပ်စွဲမယ်။ သူ စွပ်စွဲတဲ့သူတွေကိုလည်း ကြည့်ဦး၊
ရပ်ကွက်ထဲက၊ ဈေးထဲက အော့ကြောလန်တွေ ဖြစ်နေလိမ့်မယ်။ ဒါက စိတ်ဒုက္ခပေးဖို့ တမင်ယုတ်မာတဲ့သဘော။

(၄) ထေ့ငေါ့ပြောဆိုမှု

ယောက်ျားဖြစ်ပြီး ထေ့ငေါ့ မပြောတတ်ဘူး မထင်နဲ့။ တစ်ချို့ယောက်ျားတွေက မိန်းမတွေထက် အဆတစ်ရာလောက် နှုတ်သီး ကောင်းကြပါတယ်။ သူဟာ တစ်နေ့တစ်မျိုး မရိုးရအောင်အောင် သင့်ကို အလုပ်မရှိ အလုပ်ရှာ ထိုင်ပြီး အပြစ်ပြောနေပါလိမ့်မယ်။

(၅) ခြိမ်းခြောက်မှုတွေ

ဒီအဆင့်ကို ရောက်ရင် သင် ဒီကရှေ့ နာပြီမှတ်ပါ။ ဘာတော့မလုပ်နဲ့ သတ်ပစ်မှာ၊ ဘယ်တော့ မသွားနဲ့ သေမယ်သာမှတ်၊ ဘယ်သူနဲ့တော့ မဆက်ဆံနဲ့ အသက် ဖက်နဲ့ထုပ်ထား စသည်ဖြင့် ဖန်လာရင် သင် မလွယ်တော့ဘူး မှတ်ပေတော့။

(၆) နောက်မီးလင်းခြင်း

ဒါကတော့ သူ့ရဲ့ ဒီကရီအမြင့်ဆုံး တိုက်ကွက်ဖြစ်ပါတယ်။ သင့်ကို ဘယ်လိုမှာ ဖယ်ထုတ်လို့မရရင် တရားဝင် နောက်မီးလင်းပစ်တာမျိုးပါ။ ဒီအဆင့်ကျတော့ ယုတ်မာတဲ့အဆင့်ကို ရောက်သွားပါပြီ။

(၇) မကြာခဏ ထိုးကြိတ်ကန်ကျောက်ခံရခြင်း

ဟော သူ နောက်မီးလင်းရဲ့နဲ့ သင်က သူ့ဘေးမှာ ဒူးထောက် ခစားမြဲဆိုရင် သူ မထင်ရင် မထင်သလို၊ ထရိုက်မယ်၊ ကန်ကျောက်မယ်၊ ထိုးကြိတ်မယ်။ ဒါကတော့ မိုက်ရိုင်းတဲ့ အဆင့်ပေါ့ဗျာ။ ကိုယ့်ကိုယ်ကိုသိ ဆင်ခြင် ရှောင်ရှားနိုင်ကြပါစေ။

နတ်စည်တော် (Shwemom)

Credit: Shwemom

No comments:

Post a Comment