
Lutaw Lupyaw
"မှန် ၁၀၀၀ နဲ့အိမ်"
ဟိုးရှေးရှေးတုန်းက ဝေးလံတဲ့ နေရာမှာရှိတဲ့ ရွာငယ်ငယ်လေးရွာမှာ မှန် ၁၀၀၀ အိမ် လို့ခေါ်တဲ့ နေရာတစ်ခု ရှိပါတယ်။ သေးငယ်ပြီး ပျော်တတ်တဲ့ ခွေးငယ်လေး တစ်ကောင်ဟာ အဲဒီနေရာကို လေ့လာချင်တာနဲ့ သွားလည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ အဲဒီကို ရောက်တဲ့အခါ အိမ်ရဲ့ တံခါးပေါက်ကိုရောက်အောင် လှေကားထစ်တွေကို ပျော်ပျော်ရွှင်ရွှင် တက်သွားခဲ့ပါတယ်။ တံခါးကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ သူ့နားရွက်တွေ ထောင်ပြီး အမြီးလည်း ထောင်လာပါသည်။ သူ့လိုပဲ အမြီးထောင်ပြီး ပျော်ရွှင်နေတဲ့ တစ်ခြားခွေး ၁၀၀၀ ကို တွေ့လိုက်ရတဲ့အတွက် သူ အတော် အံသြသွားပါတယ်။ သူက တောက်တောက်ပပ ပြုံးပြလိုက်တော့ တစ်ဖက်က နွေးထွေးလှိုက်လှဲတဲ့ အပြုံး ၁၀၀၀ ကို သူပြန်ရခဲ့ပါတယ်။ သူ အဲဒီအိမ်က ထွက်လာတော့
“တကယ် အံသြစရာကောင်းတဲ့ နေရာပဲ၊ ငါပြန်လာဦးမယ်၊ မကြာခဏကို လာလည်ဦးမယ်” လို့ သူ့ဘာသူ စဉ်းစားနေပါတယ်။
အဲဒီရွာမှာပဲ အမြဲတမ်း မပျော်မရွှင် ဖြစ်နေတဲ့ တခြား ခွေးငယ်လေး တစ်ကောင်ကလည်း အဲဒီအိမ်ကို သွားလည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူက ဖြည်းဖြည်းလေးလေး အိမ်ပေါ်ကို တက်လာခဲ့ပြီး ခေါင်းငိုက်စိုက်နဲ့ အိမ်ထဲကို ကြည့်လိုက်ပါတယ်။ မဖော်ရွှေ မပျူငှာတဲ့ မျက်နှာ ၁၀၀၀ က သူ့ကို ကြည့်နေတာကို မြင်လိုက်ရတော့ သူကလည်း သူတို့ကို မာန်ဖီလိုက်ပါတယ်။ တစ်ဖက်က ခွေးကလေး ၁၀၀၀ ကလည်း သူ့ကို ပြန်ပြီး မာန်ဖီပြနေတာကို ကြောက်စရာ တွေ့လိုက်ရပါတယ်။ သူ ပြန်ထွက်လာတဲ့အခါမှာတော့
“ဒီနေရာက တကယ့်ကို ကြောက်စရာ နေရာပဲ၊ ငါ နောက်ဘယ်တော့မှ ထပ်မသွားတော့ဘူး” လို့ သူ့ဘာသူ ပြောလိုက်ပါတယ်။
ဒီကမ္ဘာပေါ်က မျက်နှာတိုင်းဟာ ကြည့်မှန်တွေပါပဲ။ သင်နဲ့တွေ့ဆုံတဲ့ လူတွေရဲ့ မျက်နှာတွေပေါ်ကနေ ဘယ်လို တုန့်ပြန်မှုမျိုးကို သင် မြင်ချင်ပါသလဲ။
Credit: သိင်္ဂါကျော်

Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts
Monday, February 15, 2016
"မှန် ၁၀၀၀ နဲ့အိမ်"
Subscribe to:
Posts (Atom)