Showing posts with label ကြီးပွားရေး. Show all posts
Showing posts with label ကြီးပွားရေး. Show all posts

Monday, February 15, 2016

"ကိုယ်ပိုင်လုပ်ငန်းစသင့်တဲ့ အကြောင်းအရင်း (၆) ခု"



Lutaw Lupyaw

"ကိုယ်ပိုင်လုပ်ငန်းစသင့်တဲ့ အကြောင်းအရင်း (၆) ခု"

ဒီလို သူများဆီမှာလုပ်တာက သင့်အတွက်လုံခြုံသလိုရှိပါတယ်။

ဒီနယ်ပယ်ကို တကယ်လည်း သဘောကျတယ်၊ တကယ်လည်း လုပ်ချင်တယ်။ ဒါပေမဲ့ ဈေးကွက်က ပြိုင်ဆိုင်မှုပြင်းတယ်။ ငွေကြေးကလည်း သိပ်မတောင့်ဘူး။ ဒါကြောင့် မနက် ၉ နာရီကနေစပြီး ညနေ ၅ နာရီဆင်းတဲ့ သူများအလုပ်ကိုပဲ လုပ်နေရပါတယ်။ ဒီလိုသူများဆီမှာလုပ်တာက သင့်အတွက် လုံခြုံသလိုရှိပါတယ်။ ဒါပေမဲ့ အောက်ပါအချက်တွေက ကိုယ်ပိုင်လုပ်ငန်း စသင့်တဲ့အကြောင်းအရင်းတွေပါ။

၁- ပျင်းနေပြီ
သင့်လုပ်ငန်းခွင်ကို ပျင်းနေပြီ။ နေ့တိုင်း အလုပ်သွားရတာကို တကယ်ပဲ ငြီးငွေ့နေပြီ။

၂- အခြေအနေ
သင့်အသက်ကလည်း ၂၅ ကျော်ပြီ၊ သင် ကျွေးထားရတဲ့လူလည်း မရှိဘူးဆိုရင်တော့ ကိုယ်ပိုင်လုပ်ငန်း စသင့်ပါပြီ။

၃- သင့်လေ့လာမှုကိုမြှင့်တင်
သင်က ပညာရှင်ဆိုရင် သင့်ပညာနဲ့ ပက်သက်တာကိုပဲ သိပါတယ်။ ကိုယ်ပိုင်လုပ်ငန်း စမယ်ဆိုရင်တော့ အားလုံးကို သင် လေ့လာခွင့်ရမှာ ဖြစ်မယ်။ ဈေးကွက်အခြေအနေ၊ လုပ်ငန်းလည်ပတ်ဖို့၊ စာရင်းအင်း ဒါတွေကို လေ့လာရမှာ ဖြစ်ပါတယ်။ ဒီလိုလေ့လာရမှာတွေကို မမှုတော့ဘူးဆိုရင် ကိုယ်ပိုင်လုပ်ငန်း စသင့်ပါပြီ။

၎- လွပ်လွပ်လပ်လပ်
သင့်ကိုယ်ပိုင် လွပ်လွပ်လပ်လပ် တွေးခေါ်ချင်တယ်၊ လွပ်လွပ်လပ်လပ် ဆုံးဖြတ်ချက်တွေ ချချင်တဲ့စိတ်တွေ ပြင်းပြနေရင် ကိုယ်ပိုင်လုပ်ငန်း စသင့်ပါပြီ။

၅- တက်ကြွ
သင့်ကိုယ်ပိုင်အလုပ်မှာ ပျင်းရိခင်းအစား တက်ကြွခြင်းတွေကို ရပါမယ်။ မိုးလင်းတိုင်း အလုပ်သွားဖို့ ပျင်းနေတာတွေ ပျောက်သွားပါမယ်။ ဒီလို အခြေအနေမျိုးတွေကို တောင့်တတယ်ဆို ကိုယ်ပိုင်လုပ်ငန်း စသင့်ပါပြီ။

၆- ရင့်ကျက်လာပါမယ်
ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့အတွက် ပိုပြီး ရင့်ကျက်လာပါမယ်။ သင် ပိုပြီး ရဲဝံ့လာပါမယ်။

၇- အပြောသမားမဟုတ်
ကိုယ်ပိုင်လုပ်ငန်း လုပ်နေသူဖြစ်တဲ့အတွက် တစ်ချိန်တုန်းက အပြောသမားသက်သက် ဘဝကို သင် စွန့်လွှတ်လို့ရပါပြီ။ အရာရာကို လက်တွေ့ အကောင်အထည်ဖော်လို့ ရပါပြီ။

Photos & Source: Huffignton

Credit: duwun