"အလှအပအတွက် သွားတွေကို ထွင်းထုချွန်ထက်စေတဲ့ အင်ဒိုနီးရှားလူမျိုးနွယ်စုရဲ့ ရိုးရာဓလေ့တစ်ခု"
ယဉ်ကျေးမှုတိုင်းမှာ အလှတရားကို သူ့ရဲ့မတူညီကွဲပြားတဲ့ ရှုထောင့် အမြင်တစ်မျိုးမှ ရှုမြင်ကြလေ့ ရှိပါတယ်။ အနောက်နိုင်ငံမှာဆိုရင် ပုလဲကဲ့သို့ တောက်ပဖြူစင်တဲ့ အပြုံးတွေနဲ့ ဖွဲ့တည်ထားတဲ့ အလှတရားကို တန်ဖိုးထားကြပြီး အပြစ်အနာအဆာ အမည်းကွက်အစွန်းအထင်းတွေ ကင်းရှင်းအောင် လုပ်ကြပါတယ်။ သို့ဖြစ်ပေမယ့် တခြားကမ္ဘာတဖက်တွေမှာကျတော့ အလှတရားကို ပြင်းထန်တဲ့ တိုင်းတာချက်တွေနဲ့ သတ်မှတ်ကြပြန်ပါတယ်။
ခန္ဓာနဲ့ ဝိညာဉ်နှစ်ဖက်ညီမျှမှုကို ဆက်လက်ထိန်းသိမ်းခြင်းငှာ အင်ဒိုနီးရှားနိုင်ငံက လူမျိုးစုတစ်စုက အမျိုးသမီးတွေရဲ့ သွားတွေကို ချွန်ထက်အောင် ထွင်းဆစ်ရသည့် ရိုးရာဓလေ့တစ်ခု ကျင့်သုံးကြပါတယ်။ နောက်ပြီး ထုံဆေးလုံးဝမသုံးဘဲ အလွန့်အလွန် နာကျင်တဲ့ အဲဒီကျင့်ထုံးကို ကြိတ်မှိတ် ခံကြရပါတယ်။ Mentawai Tribe လူမျိုးနွယ်စု အမျိုးသမီးများကို ယင်းဓလေ့ထုံးတမ်း အစဉ်အလာ ကျင်းပပြုလုပ်ပြီးမှ လှပမှုရှိကြတယ်လို့ ခံယူထားကြကြောင်း သိရပါတယ်။ တုတ်ချောင်းတစ်ခု၊ ဓားတစ်လက်နဲ့ တူတစ်ခုသာ အသုံးပြုပြီး ငါးမန်းရဲ့သွားတွေလို အတန်းလိုက်ဖြစ်နေအောင် သေသေချာချာ ထွင်းထုကြတာမျိုး ဖြစ်ပါတယ်။
Credit: Trend Myanmar
Friday, February 20, 2015
"အလှအပအတွက် သွားတွေကို ထွင်းထုချွန်ထက်စေတဲ့ အင်ဒိုနီးရှားလူမျိုးနွယ်စုရဲ့ ရိုးရာဓလေ့တစ်ခု"
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment