Wednesday, February 25, 2015

" သင်ဟာ ဧည့်သည်ပါ "

" သင်ဟာ ဧည့်သည်ပါ "

တစ်ခါတော့ ဂျပန်နိုင်ငံက ဘုရင့်နန်းတော်ထဲကို ဘုန်းကြီးတစ်ပါးဝင်လာတယ်။ ဘုရင့်ရဲမက်တွေက နန်းတော်ထဲမ၀င်အောင် တားနေတာကို ဘုရင်ကြီးကတွေ့သွားတော့ ဘုန်းကြီးကို အထဲကိုခေါ်စေတယ်။

အထဲရောက်တော့ ဘုရင်ကြီးက " ဘုန်းဘုန်း ဘာဖြစ်လို့ နန်းတော်ထဲကို ၀င်လာတာပါလဲ " လို့ မေးလိုက်တယ်။
ဘုန်းကြီးကတော့ " ငါ့ကို ဒီနန်းတော်က အကောင်းဆုံး အခန်းတစ်ခန်းပေး မနက်ဖြန်ကျရင် ငါပြန်မယ် " လို့ ပြောလိုက်တယ်။

ဘုရင်ကြီးက ရယ်လိုက်ပြီး " အရှင်ဘုရား ဒါ နန်းတော်ပါ တည်းခိုခန်းမဟုတ်ပါဘူး " လို့ ပြောတယ်။

ဘုန်းတော်ကြီးကတော့ " ကောင်းပြီ မင်းကို ငါမေးမယ် ဒီနန်းတော်ကို မင်းအရင်က ဘယ်သူတွေ နေခဲ့လဲ "

ဘုရင်ကြီးကတော့ " ကျွန်တော်ရဲ့ ဖခင်ဘုရင် နေထိုင်သွားပါတယ် "လို့ ပြန်ဖြေတယ်။

ဘုန်းကြီးကပဲ " မင်းအဖေရဲ့ ရှေ့မှာကော ဘယ်သူနေထိုင်သွားလဲ "

ဘုရင်ကတော့ " အဖိုးဘုရင်ကြီး နေထိုင်သွားပါတယ် "

ဒီလိုနဲ့ ဘုန်းကြီးကမေးလိုက် ဘုရင်ကဖြေလိုက်နဲ့ ဘိုးဘေးတွေအထိ ရောက်တဲ့အခါမှာတော့ ဘုန်းတော်ကြီးက
" မင်းတို့ နန်းတော်ဟာ တစ်ယောက်နေလိုက် ထွက်သွားလိုက် နောက်တစ်ယောက်နေလိုက် ထွက်သွားလိုက်နဲ့ တည်းခိုခန်းသာသာပါပဲ။ မင်းလဲ မင်းအဖေလို မင်းအဖိုးလို ထွက်သွားရဦးမှာပါပဲ ဒီတော့ ငါပြောတဲ့ တည်းခိုခန်းဟာ မှားသလားကွ တကယ်ဆိုရင် ငါတို့အားလုံးဟာ ဧည့်သည်တွေပါ"

မောင်စိုင်း


No comments:

Post a Comment