" သင့်လက်ဟာ မကြာခင်ဖုန်းဖြစ်လာတော့မယ် "
လူ့ရဲ့အရေပြားကို ထိတွေ့မျက်နှာပြင်အဖြစ် အသုံးပြုလို့ရမယ့်လက်ကောက်တွေ ဈေးကွက်ထဲ
ရောက်လာတော့မယ့် အကြောင်းကို DailyMail က ဖော်ပြခဲ့ပါတယ်။
Cicret လို့ခေါ်တဲ့ ဒီလက်ကောက်ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်တွေကို အစားထိုးဖို့ ရည်ရွယ်ထုတ်လုပ်ထားတာလို့ ဆိုပါတယ်။...
လက်ကောက်ထဲမှာ အသေးစားပရောဂျက်တာကို ထည့်ထားမှာ ဖြစ်ပြီး အရေပြားမျက်နှာပြင်ကို ထိတွေ့အသုံးပြုနိုင်ဖို့ ဆင်ဆာ ၈ ခုက ပြုလုပ်ပေးထားမှာ ဖြစ်ပါတယ်။
ဖုန်းခေါ်ဆိုခြင်း၊ အီမေးအသုံးပြုခြင်း၊ ဗီဒီယိုကြည့်ခြင်း စတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်နိုင်မယ်လို့ဆိုပါတယ်။ ဘလူးတု၊ ဝိုင်ဖိုင်တို့အပြင် USB ပေါက်ပါ ပါဝင်တယ်လို့ ဆိုပါတယ်။
Cicret ကုမ္ပဏီကို ဦးဆောင်တည်ထောင်သူ Guillaume Pommier က “ ကျွန်တော်တို့ ခေါ်ဆိုမှုတွေရဖို့အတွက် 3G ကဒ်တွေ ထည့်ဖို့ စီစဉ်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
လက်ကောက်ကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး လာမယ့် ဇွန်လထဲမှာ ဈေးကွက်ထဲရောက်မယ်လို့ ဆိုပါတယ်။
16 GB နဲ့ 32 GB ဆိုပြီး နှစ်မျိုးလာမှာဖြစ်ပါတယ်။ အရောင်ကိုတော့ ၁၀ မျိုးရွေးချယ်နိုင်ပြီး ရောင်းဈေး ပေါင် ၃၀၀ လောက်ကျမယ်လို့ဆိုပါတယ်။
သတင်း၊ဆာ့မြန်မာမှ
Monday, February 23, 2015
" သင့်လက်ဟာ မကြာခင်ဖုန်းဖြစ်လာတော့မယ် "
Subscribe to:
Post Comments (Atom)
No comments:
Post a Comment