ဘဝမှာ ချမ်းသာတယ်ဆိုတာကို တိုင်းတာချင်ရင်
ငွေကြေး ဘယ်လောက်ရှိတယ် ဆိုတာနဲ့ မတိုင်းတာပါနဲ့။
လောကဓံရဲ့ ရိုက်ပုတ်မှု့ကြောင့်
မျက်ရည်ကျလာရတဲ့အခါ
ကြင်နာစွာမျက်ရည်တွေကို သုတ်ပေးပြီး
နှစ်သိမ့်အားပေးဖေးမမယ့်သူ ဘေးမှာ
ဘယ်လောက်ထိရှိတယ် ဆိုတာနဲ့ တိုင်းတာပါ…
ဘဝမှာ ရာထူးအာဏာကို တိုင်းတာချင်ရင်
လုပ်ပိုင်ခွင့်တွေ အဆောင်အယောင်တွေ တပည့်တပန်းတွေနဲ့ မတိုင်းတာပါနဲ့
အိုမင်းမစွမ်း ရှိလာတဲ့အခါ စိတ်ရင်းအမှန်နဲ့
ကူညီစောင့်ရှောက်ပေးမယ့်သူ ဘေးနားမှာ
ဘယ်လောက်များ ရှိနိုင်မလဲ ဆိုတာနဲ့ တိုင်းတာပါ…
ဘဝမှာ အလှအပကို တိုင်းတာချင်ရင်
ရုပ်ရည် ကိုယ်ခန္ဓာ အဝတ်အစား အပြင်အဆင်တွေနဲ့
မတိုင်းတာပါနဲ့။
အခက်အခဲအကျပ်အတည်းတွေကြားထဲရောက်တဲ့အခါ စိတ်ကောင်းစေတနာကောင်းကို
ဘယ်လောက်ထိ မွေးမြူ ထားနိုင်သလဲ
ဆိုတာနဲ့ တိုင်းတာပါ…
ဘဝမှာ ခွန်အားကို တိုင်းတာချင်ရင်
သန်မာတဲ့ ခန္ဓာကိုယ်နဲ့
ကြံ့ခိုင်တဲ့ပုံဟန်ကိုကြည့်ပြီး မတိုင်းတာလိုက်ပါနဲ့
လဲကျတဲ့အခါ အရှုံးမပေးပဲပြန်လည်
ရှင်သန်ရုန်းထနိုင်တဲ့ခွန်အားတွေ ဘယ်လောက်ထိ
ရှိနိုင်သလဲဆိုတာနဲ့ တိုင်းတာပါ…
ငြိမ်းလဲ့
Sunday, February 22, 2015
ဘဝမှာ ချမ်းသာတယ်ဆိုတာကို တိုင်းတာချင်ရင် ငွေကြေး ဘယ်လောက်ရှိတယ် ဆိုတာ
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment