Thursday, February 26, 2015

" ဈေးသည်နှင့် ဈေးဆစ်သူ "

" ဈေးသည်နှင့် ဈေးဆစ်သူ "

ဒီနေ့တော့.. မစားရတာကြာပီဖြစ်တဲ့ ကြက်သားဟင်းလေး ချက်စားမယ်ဆိုပြီး.. ဈေးထဲကို ဟင်းဝယ်ထွက်လာခဲ့တယ်။

ဈေးထဲရောက်တော့.. ကြက်သားရောင်းတဲ့ ဆိုင်ရှေ့မှာ ရပ်လိုက်ပြီး…

” အမကြီး.. ဒါ.. ဘယ်ဈေးလဲ..ငှင်..!!! ”

” အောင်မင်္ဂလာဈေးလေ..”

” အွင်..! ဒါတော့ သိတာပေါ့ဂျ.. ကြက်သားဈေးကို..မေးတာ..! ”

” အာ့ဆိုလည်း.. ကြက်သား ဘယ်ဈေးလဲ.. မေးပေါ့ဟဲ့..! တစ်ပိသာကို..၆၀၀၀ ဈေး..! ”

” အားပါး..ဈေးကလည်း.. ကြီးပါ့..! ”

” သြော်ဟယ်.. သူ့ခမျာ နင်ဟင်းအဖြစ်စားဖို့ အနစ်နာခံပြီး.. အသက်တောင် အသေခံပေးထားရတာ..လေ..။ တန်ပါတယ်..ဟဲ့. ! ”

” အွင်..ဟွတ်ကဲ့ပါဗျာ..ကျနော်တော့ အမကြီး ဘော်ဒီထဲမှာ မျောသွားပီးဗျာ..”

” ဘာ..ပြော..ဒယ်..!!! ”

” အဲ..မှားလို့.. တော်ကီထဲမှာ မျောသွားဒယ်.. ပြောထှာ..အဟီး..”

” ဟွင်း..ဒါဆို.. ဘယ်လောက်သား ယူမတုန်း…! ”

” အွင်း…တစ်ပိသာကို ၆၀၀၀ ဆိုတော့… ၁၀ သားကို ၆၀၀..ပေါ့..။
အာ့ဆို..၅ ကျပ်သားပေးဗျာ..! ”

” ဘာ..!!!! ဒါ..ရွှေရောင်းနေတာ မဟုတ်ဘူး.. ဟင်းသားရောင်းနေတာ.. အနည်းဆုံး ၁၀ သားပဲရောင်းတယ်”

” ငင်..အေးပါဗျာ.. အာ့ဆိုလည်း..၁၀ သားပေါ့.. ဒါနဲ့.. ရေတော့ မထိုးထားပါဘူးနော်..! ”

” နင်တောင်.. အသက်ရှင်ဖို့အတွက်.. ရေသောက်သေးတယ် မဟုတ်လား..အေး..အဲ့လိုပဲ.. သူလည်းသောက်တော့.. ရေပါမှာပဲ..ဆန်းသလား..ဟဲ့.!”

” ငင့်..! အွင်းပါဗျာ..!!! ”

ဒီနေ့..ငချဉ်ကံမကောင်းပါ..


Credit: FM Radio


No comments:

Post a Comment