Saturday, February 21, 2015

သင်ဘယ်လောက် လမ်းခွဲဖို့ကြိုးစား ကြိုးစားစား သင့်အနားမှာ ပေကပ်ေ

သင်ဘယ်လောက် လမ်းခွဲဖို့ကြိုးစား ကြိုးစားစား
သင့်အနားမှာ ပေကပ်နေတဲ့ ချစ်သူမျိုးရှိလား

သင့်မှာ စိုးရိမ်စရာတခုခုရှိတဲ့အခါ
ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး
သင့်ကို စိုးရိမ်တတ်တဲ့ချစ်သူမျိုးရှိလား

သင်စိတ်ဆိုးမဲ့ အကြောင်းအရာမျိုးဆို
ဘယ်လောက်ပဲ လုပ်ချင်လုပ်ချင်
ထိန်းချုပ်တတ်တဲ့ ချစ်သူမျိုးရှိလား

သင်အမှားအယွင်းတခုခု ဖြစ်ပြီဆို
သိပ်တောင်မရှင်းပြရပဲ သင့်ကို ခွင့်လွှတ်နားလည်တတ်တဲ့ ချစ်သူမျိုးရှိလား

သင်ကလေးဆန်တဲ့အပြုအမူတွေကို
လူကြီးတယောက်လို အမြဲ စိတ်ရှည်လက်ရှည်နဲ့
ဆက်ဆံတတ်တဲ့ ချစ်သူမျိုးရှိလား

သင်ပျော်ရွှင်ဖို့ ပေါတောတောအပြုအမူတွေနဲ့
သင့်ကို ပျော်ရွှင်စေတတ်တဲ့ ချစ်သူမျိုးရှိလား

သင်စိတ်ကောက်ပြီဆို မတွက်ကပ်ပဲ
သင့်ကိုအရင်စခေါ်တဲ့ ချစ်သူမျိုးရှိလား

တခါတလေ သင်အရမ်းလိုအပ်တဲ့အခါ
သင်နားကိုမညီးမညူ
အပြေးရောက်လာချင်တဲ့ ချစ်သူမျိုးရှိလား

အခွင့်အရေးဘယ်လောက်ရရ
သင်ကလွဲပြီး ဘယ်သူ့ကိုမှ
စိတ်မကစားတတ်တဲ့ ချစ်သူမျိုးရှိလား

အဲဒီလိုချစ်သူမျိုး သင်ပိုင်ဆိုင်ထားရလား
ပိုင်ဆိုင်ထားရရင် သင်စိတ်ချမ်းသာရတယ်

အဲဒီလို ကိုယ့်ကိုစိတ်ချမ်းသာစေတဲ့ ချစ်သူကို
သင်ကလည်း တူညီတဲ့အချစ်နဲ့
ပြန်ပြီး စိတ်ချမ်းသာစေသင့်တယ်မလား

အချစ်ဆိုတာ
ကိုယ်ကချည်းပဲ တဖက်သတ်အချစ်မခံနဲ့
ကိုယ်ကလည်း သူ့ကို တလှည့်ပြန်ချစ်မှ
ရေရှည်တည်တံ့ ခိုင်မြဲတာလေ

ခင်မင်လျက်
Credit to ကောင်မလေးရဲ့ကောင်ကလေး


No comments:

Post a Comment