" အမှားတစ်ခု… "
သင့် ဘဝမှာ အမှားတစ်ခုလုပ်မိခြင်းဟာ
သင့် အပြစ် မဟုတ်ပါဘူး
အဘယ်ကြောင့်ဆိုသော် သင်ဟာ
အမှားနဲ့ မကင်းနိင်တဲ့ လူတွေထဲက
လူတစ်ယောက် ဖြစ်နေလို့ပါ …
သင် အဲဒီအမှားကို သင်ခန်းစာမယူ တာဝန်မယူဘဲ မှားမှန်းသိရက်နဲ့ သင် ဆက်လုပ်နေရင်တော့ အဲဒါဟာ ဆိုးဝါးတဲ့ အပြစ်တစ်ခုပါ …
အဲဒီထက် အဆိုးဆုံးအပြစ်က သင့်ရဲ့မိတ်ဆွေ အပေါင်းအသင်းများကိုလည်း ထို အမှားကို
လုပ်ချင်အောင် ကျူးလွန်အောင် ဖြားယောင်းတာပါ …
အမှားကို ပြုပြင်ပြီး အမှန်ပြင်နိုင်ခြင်းသည် လူတစ်ယောက်ရဲ့ အစွမ်းအစပင် ဖြစ်ပါတယ်
မှားမှန်းသိရက်နဲ့ အမှန်မမြင်နိုင်သောသူသည် လူတစ်ယောက်ရဲ့ အစွမ်းအစ အသိဉာဏ် မရှိသဖြင့် ပိုးဖလံမျိုး မီးကိုတိုးခြင်း ဖြစ်ပါတယ် …
စာဖတ်ပရိသတ်များအားလုံး ဘဝလမ်း ခရီးတစ်လျှောက် အမှားတစ်ခု လုပ်မိပါက အမှန်ကိုမြင်ပြီး အမှန်ပြင်နိုင်ကြပါစေ ……
KWYM(ကျော်ဝေယံမင်း)
Saturday, February 21, 2015
" အမှားတစ်ခု… "
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment