Thursday, February 19, 2015

"အရောင်ပါဝင်သော အသီးအနှံများကို စားသုံးခြင်းကြောင့် ရင်သားကင်ဆာဖြစ်ပွားမှု လျှော့ကျနိုင်"

" အရောင်ပါဝင်သော အသီးအနှံများကို စားသုံးခြင်းကြောင့် ရင်သားကင်ဆာဖြစ်ပွားမှု လျှော့ကျနိုင် "

အမေရိကန်ဆေးပညာရှင် သုတေသီများ၏ လေ့လာတွေ့ရှိချက်အရ အမျိုးသမီးများသည် ကာရိုတီနွိုက် အရောင်ပါဝင်သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးပါက ကျန်းမာရေး ကောင်းမွန်စေနိုင်ကြောင်း လေ့လာတွေ့ရှိရသည် ။

ဘရစ်ဂရမ်နှင့် ဟားဗတ်ဇ် ဆေးပညာတက္ကသိုလ်များမှ လေ့လာတွေ့ရှိချက်အရ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များ စားသုံးခြင်းကြောင့် သွေးထဲတွင် ကာရိုတီနွိုက်ရောင်ခြယ်ပစ္စည်းပါဝင်မှုနှုန်း မြင့်မားနေလျှင် ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကို လျှော့ချပေးနိုင်သည် ဟု တွေ့ရှိရသည် ။

သခွာသီး၊ ဖရဲသီး၊ လိမ္မော်သီး၊ မုန်လာဥနီနှင့် ကန်စွန်းဥ တို့သည် ရောင်ခြယ်ပစ္စည်း မြင့်မားသောအသီးအနှံများ ဖြစ်ကြောင်း သိရသည် ။

Credit to Mg Mandalay
K.K(ကနောင်)


No comments:

Post a Comment