Friday, February 20, 2015

တခါတလေ တယောက်တည်း ဖြစ်နေတာက ပိုကောင်းပါတယ်။

တခါတလေ
တယောက်တည်း ဖြစ်နေတာက ပိုကောင်းပါတယ်။
ဘယ်သူ့ကိုမှ မျက်နှာချိုသွေးပြီး
ခယနေဖို့  မလိုအပ်တော့လို့လေ။

တခါတလေ
တယောက်တည်း ဖြစ်နေတာက ပိုကောင်းပါတယ်။
ကိုယ့်ကိုနာကျင်စေမယ့်သူတွေ အနားမှာ
ရှိမနေ တော့လို့လေ။

တခါတလေ
တယောက်တည်း ဖြစ်နေတာက ပိုကောင်းပါတယ်။
ကိုယ့်လွတ်လပ်ခွင့်ထဲ ကိုယ့်အတွေးနဲ့အတူ
ရှင်သန်နေထိုင်ခွင့် ရလို့လေ။

တခါတလေ
တယောက်တည်း ဖြစ်နေတာက ပိုကောင်းပါတယ်။
ကိုယ့်ရဲ့အတိတ်နဲ့ အနာဂတ်ကို
လွတ်လပ်စွာ ပုံဖော်နိုင်လို့လေ။

ငြိမ်းလဲ့


No comments:

Post a Comment