" ကမ္ဘာ့ပထမဆုံး လူသားဦးခေါင်း အစားထိုးခွဲစိတ်ကုသမှု
နှစ်နှစ်အတွင်း ဖြစ်လာနိုင်ခြေရှိဟုဆို "
ရိုးမား- သိပ္ပံပညာရှင်တွေက ဦးခေါင်း အစားထိုးကုသမှုဟာ အမှန်တကယ်ဖြစ် လာနိုင်ခြေရှိတယ်လို့ ယုံကြည်နေပြီး ယင်း ခွဲစိတ်ကုသမှုအစီအစဉ်ကို လာမည့် နှစ်နှစ်အတွင်း အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့ သိရတယ်။
ဦးခေါင်းအစားထိုးကုသမှု စီမံကိန်းကို ဦးဆောင်မယ့်သူက အီတလီဆရာဝန် ဆာဂျီယိုကာနယ်ဗာရိုး ဖြစ်ပြီး ဦးခေါင်းအစားထိုး ကုသမှုဟာ ကြွက်သားပိုင်း ဆိုင်ရာ ရောဂါတွေနဲ့ ကင်ဆာရောဂါဝေဒနာသည်တွေကို ကုသရာမှာ အထောက်အကူဖြစ်စေမယ် လို့ ဒေါက်တာဆာဂျီယိုက ယုံကြည်နေပါတယ်။ ဒေါက်တာဆာဂျီယိုရဲ့ အဆိုအရ ဦးခေါင်းအစားထိုး ကုသမှုကို ယခုလအတွင်း အောင်မြင်စွာ ပြုလုပ်နိုင်ဖွယ် ရှိတယ်လို့ သိရပြီး ကုသမှုခံယူတဲ့သူဟာ ခွဲစိတ်မှုပြီးရင် သီတင်းပတ်လေးပတ်လောက် မေ့မြောနေမယ်လို့ ဆိုပါတယ်။
ဦးခေါင်းအစားထိုးကုသမှု ခံယူသူဟာ သတိပြန်လည်ရရှိလာရင် မူလ အသံ၊ မူလလှုပ်ရှားမှု၊ မူလခံစားချက်တွေနဲ့ လှုပ်ရှားနိုင်မှာဖြစ်ပြီး လမ်းလျှောက်ဖို့အတွက်တော့ တစ်နှစ်ဝန်းကျင် ပြန်လည်သင် ကြားရဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဆာဂျီယိုရဲ့အစီအစဉ်ကို ဖြစ်နိုင် ခြေမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါ တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့အနှစ် ၄ဝ ခန့်က ပထမဆုံးအကြိမ် မျောက်တွေမှာ ဦးခေါင်း အစားထိုးကုသမှု အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သလို မကြာသေးခင် ကာလကလည်း တရုတ်နိုင်ငံမှာ ကြွက်တစ်ကောင်နဲ့ ဦးခေါင်း အစားထိုး ကုသမှုကို စမ်းသပ်ခဲ့တာ အောင်မြင်မှုရှိခဲ့တဲ့ သာဓကတွေ ရှိလို့နေပါတယ်။
Ref: Mirror
Saturday, February 28, 2015
" ကမ္ဘာ့ပထမဆုံး လူသားဦးခေါင်း အစားထိုးခွဲစိတ်ကုသမှု နှစ်နှစ်အတွင်း ဖြစ်လာနိုင်ခြေရှိဟုဆို "
Labels:
နည်းပညာ,
နိုင်ငံတကာ,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment