" ကိုယ့်အတွေးနဲ့ကိုယ် "
မိုးရာသီ ကျောင်းဖွင့်ရက်တွေထဲကတစ်ရက်မှာ......
၈နှစ်အရွယ် ကလေးမလေးတစ်ယောက် ကျောင်းနဲ့အိမ်နဲ့ကို မည်သူ့အကူအညီမျှမလိုပဲ တစ်ယောက်တည်းသွားနေကျဖြစ်လို့ 
ယနေ့လည်း သူ့ဘာသာသူ ကျောင်းကို တစ်ယောက်တည်း အေးအေးဆေးဆေး လမ်းလျှောက်သွားနေတယ်။
သူ့စိတ်ထဲမှာတော့ " ဒီနေ့တော့ မိုးမရွာတော့ဘူးထင်တယ်......
နေတွေလဲသာပြီး မိုးသားတွေလည်း မနေ့ကထက်စာရင် တော်တော်လေးရှင်းနေတယ်။ လေလည်း ဒီနေ့ တော်တော်လေး ကိုငြိမ်နေတယ်.....။ မနေ့ကနဲ့ တခြားစီပဲ.............။ "
ဒီလိုနဲ့  ညနေကျောင်းဆင်းတဲ့အချိန်မှာတော့
ကလေးမလေးထင်သလို ရာသီဥတုက မနက်ကျောင်းလာတုန်းကလို မဟုတ်ပဲ
ကောင်းကင်ကြီးတစ်ခုလုံးလဲ အရပ်ရှစ်ခွင်အုံ့မှိုင်းနေကာ လေတွေကလည်း ကလေးမလေး မိုးရွာရင်တောင် ထီးမနိုင်လောက်အောင် တိုက်ခတ်နေပါတယ်။
ဒီကြားထဲပိုဆိုးတာက အုံးမှိုင်းနေတဲ့ ကောင်းကင်ကြားမှ
တစ်လောကလုံး လင်းကနဲ ဖြစ်သွားအောင် အဆက်မပြတ် ပစ်ခတ်နေတဲ့ မိုးကြိုးတွေသာ ဖြစ်ပါတယ်။
ကလေးမလေးကတော့ ဒါတွေအားလုံး သူနဲ့မဆိုင်သလို အိမ်အပြန်လမ်းကိုသာ မျက်နှာမှအပြုံးမပျက်ပဲ ဆက်လျှောက်လှမ်းလာနေပါတယ်။
အိမ်မှ မအေဖြစ်သူကတော့ ရာသီဥတုအခြေအနေကြောင့် သမီးဖြစ်သူ ကြောက်ရွံ့နေမည်ကိုတွေးကာ... ယနေ့တော့ ကျောင်းသွားကြိုမှဖြစ်မည် ဆိုပြီး ကားကိုအလျှင်အမြန်မောင်ပြီး သမီးငယ်၏ ကျောင်းပြန်လမ်းကို မောင်းထွက်လာပါတယ်။
ရင်ထဲမှာတော့ သမီးငယ်လေး ကြောက်နေမည်ကိုတွေးပြီး ပူလောင်နေပေမယ့် သမီးငယ်ကို လမ်းမှာ တွေ့လိုက်ချိန်မှာတော့ သမီးဖြစ်သူက မျက်နှာမှာပြုံးစိပြုံးစိနဲ့ လမ်းလျှောက်လာနေတာကို ကြည့်ပြီး အံ့သြသွားပါတယ်။
ကားတံခါးကိုဖွင့်ပြီး သမီးငယ်ကို ကားပေါ်ခေါ်လိုက်တော့ မနေနိုင်ပဲ
" ဘာလို့ ဒီလောက်မိုးကြိုးတွေပစ် လျှပ်စီးတွေလက်နေတာတောင်
သမီးကပြုံးပြီး အေးအေးဆေးဆေး လမ်းလျှောက်နေရတာလဲ... သမီး မကြောက်ဘူးလား..." ဆိုတော့..
သမီးလေးက... "သမီးဘာကိုကြောက်ရမှာလဲမေမေ...........
သိကြားမင်းကြီးက သမီးကိုကင်မရာနဲ့  ဓါတ်ပုံလာရိုက်နေလို့ သမီးပြုံးပေးထားတာလေ.........။"
Credit to ZK
K.K(ကနောင်)
Saturday, February 21, 2015
" ကိုယ့်အတွေးနဲ့ကိုယ် "
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment