Thursday, February 26, 2015

" ချစ်သူစုံတွဲတွေမှာ အမျိုးသမီးတွေက ဘာကြောင့် အခြားတစ်ယောက်ဆီကို ပိုပြီးစိတ်ယိုင်လွယ်တာလဲ "

" ချစ်သူစုံတွဲတွေမှာ အမျိုးသမီးတွေက ဘာကြောင့် အခြားတစ်ယောက်ဆီကို ပိုပြီးစိတ်ယိုင်လွယ်တာလဲ "

ပုံမှန်အားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးချစ်တတ်တယ်ထင်ရပေမယ့် ချစ်သူစုံတွဲတွေမှာ အမျိုးသမီးတွေဟာ အခြား သူစိမ်း တစ်ယောက်ကို စိတ်ယိုင်နိုင်ခြေ အမျိုးသားတွေထက်ပိုများတာကို တွေ့ရတယ်။ စိတ်ယိုင်ခြေများတယ်ဆိုလို့ အလကားနေသက်သက် အခြား တစ်ယောက်ဆီ စိတ်ရောက်တာကို ဆိုလိုခြင်းမဟုတ်ပါဘူး။ ဖြစ်ပေါ်နေတဲ့ အခြေအနေအချိန်ခါပေါ် မူတည်ပြီး တိုက်ဆိုင်မှုရှိတဲ့ အခါ လက်ရှိတွဲနေတဲ့ အမျိုးသားထက် အခြားတစ်ယောက်ဆီကို စိတ်ယိုင် သွားခြင်း ဖြစ်ပါတယ်။ အမျိုးသမီးတွေက ဘယ်လိုအချိန်တွေမှာ စိတ်ယိုင်ခြေများလည်း ဆိုတာ အောက်ပါအခြေအနေတွေပေါ်မူတည်ပါတယ်။ စာလေးကို မဖတ်ခင် သတိပြုရမှာက အမျိုးသမီးတိုင်းကိုဆိုလိုခြင်း မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေအများဆုံးကို ရေးသားတင်ပြခြင်းဖြစ်ပါတယ်။

၁။ ချစ်သူနှင့်အကြီးအကျယ်စိတ်ဆိုးနေချိန်

ချစ်သူနဲ့ စိတ်ဆိုးနေချိန် အမျိုးသမီးတွေဟာ ပူဆွေးငိုကြွေးခြင်း၊ ဝမ်းနည်းခြင်း၊ အထီးကျန်ခြင်းနှင့် ဒေါသထွက်ခြင်း အစရှိတဲ့လေးခုမှာ
တစ်ခုမဟုတ် တစ်ခု ဖြစ်ပေါ်နေတတ်ပါတယ်။ အမျိုးသားတွေအတွက် ချစ်သူနဲ့စိတ်ဆိုးလို့ စိတ်ထွက်ပေါက်အဖြစ် အပေါင်းအသင်းတွေနဲ့
ပျော်ပါးခြင်း၊ ဂိမ်းကစားခြင်း၊ ဘောလုံးပွဲကြည့်ခြင်းဖြင့် ခေတ္တာခန စိတ်ဖြေဖျောက်လို့ရပေမယ့် အမျိုးသမီးတွေဟာ အမျိုးသားနဲ့ မတူတဲ့အတွက်
သိမ်ငယ်ပူပန်စိတ် ဝင်နေတဲ့အချိန်မျိုးမှာ အားပေးနစ်သိမ့်သူကို သာမန်ထက်ပိုပြီး လိုအပ်နေတတ်ပါတယ်။ စကားပြောဖော် နှစ်သိမ့်ပေးသူကို စိတ်ထွက်ပေါက်အဖြစ် ရှာဖွေမှာဖြစ်ပြီး ဘယ်သူတွေရှိနိုင်မလဲဆိုရင် သူငယ်ချင်း မိန်းကလေး (သို့) ယောင်္ကျားလေး ၊ သူမကိုစိတ်ဝင်စားနေတဲ့ ယောင်္ကျားလေး ၊ အခြားဆွေမျိုးတစ်ယောက်ယောက် စတာမျိုးတွေ ရှိပါလိမ့်မယ်။ အဲ့ဒီတွေထဲကမှ စကားအပြောကောင်းပြီး ဝမ်းနည်းနေတဲ့ စိတ်တွေကို ပြေပျောက်အောင် လုပ်ပေးနိုင်သူဟာ သူ့အတွက် စိတ်ထွက်ပေါက် တစ်ခုအဖြစ် မှတ်ယူမိတယ်။ ဒီလိုချိန်မျိုးမှာ မိန်းကလေးအချင်းချင်း ပြဿနာမရှိပေမယ့် အမျိုးသားတစ်ယောက် ဖြစ်နေမယ်ဆိုရင် စိတ်ယိုင်ဖို့ အခြေအနေ ဖြစ်ပေါ်စေပါတယ်။ ကိုယ့်ချစ်သူနဲ့ ပြန်အဆင်ပြေသွားလို့ စိတ်ဆိုးစရာကြုံလာရင်လည်း စိတ်ထွက်ပေါက်အဖြစ် အဆိုပါအမျိုးသားကိုသာ ရင်ဖွင့်ဖို့ဖြစ်လာပြီး အကြိမ်ရေများလာတဲ့အခါမှာတော့ လက်ရှိတွဲနေတဲ့သူထက် ပိုပြီးယုံကြည်ချင်တဲ့စိတ် နှစ်သိမ့်ပေးတဲ့သူဆီကို ပိုလာပါတယ်။ ဒါကြောင့် ဒီအချက်အဟာ ချစ်သူနဲ့စိတ်ဆိုးနေချိန်မှာ အမျိုးသားတွေထက် အမျိုးသမီးတွေက အခြားတစ်ယောက်ဆီ စိတ်ယိုင်ဖို့ ဖြစ်နိုင်ခြေ ပိုများစေတဲ့အတွက် သတိပြုဖို့လိုအပ်ပါတယ်။

၂။ အရွဲ့ တိုက်တဲ့ စိတ်ရှိသူ

ပိုလို့တောင်ဆိုးပါတယ်။ ချစ်သူကိုစိတ်ဆိုးလို့ အခြားတစ်ယောက်ကို အစားထိုးအရွဲ့ တိုက်တာမျိုး ကြားဖူးပါလိမ့်မယ်။ ကူညီပေးတဲ့ အမျိုးသားက စိတ်သဘောထား ပုံမှန်ဆိုရင်ပြဿာနာမရှိပေမယ့် ကောင်မလေးက စိတ်ကောက်နေမှန်းသိလို့ လိုတာထက် ပိုပြီးသဘောကောင်းပြ၊ ပိုပြီး ဂရုစိုက်ပြတာမျိုး ဖြစ်လာရင် အရွဲ့ တိုက်ရာကနေ တကယ်အတည်ကြီး ဖြစ်လာနိုင်ပါတယ်။ အပြင်မှာလည်း အဆိုပါ အဖြစ်အပျက်မျိုး အများအပြားရှိတာ ကြားဖူးပါလိမ့်မယ်။ ကြုံဖူးတဲ့သူတွေဆို ပိုလို့တောင်သိပါလိမ့်မယ်။ အရွဲ့တိုက်တဲ့အချက်ကလည်း အမျိုးသမီးတွေ အခြားတစ်ယောက်ဆီ စိတ်ယိုင်ဖို့ များစေနိုင်တဲ့အတွက် သတိပြုစေချင်ပါတယ်။

၃။ အမျိုးသမီးသဘာဝ ဂရုစိုက်မှုကိုနှစ်သက်

ကိုယ့်ချစ်သူထက် အခြားအမျိုးသားတစ်ယောက်က အသေးစိတ် ဂရုစိုက်မှုတွေ ပိုနေတယ်ဆိုရင် အဆိုပါအမျိုးသားဆီကို စိတ်ဝင်စားမှု သာမန်ထက် ပိုနေပါလိမ့်မယ်။ ကိုယ့်ချစ်သူက ဂရုစိုက်ပေမယ့် အချို့နေရာတွေမှာ နားလည်မှု လွှဲတာမျိုး ရှိတတ်လာမယ်။ ဒါပေမယ့် သီးခံနိုင်မှု၊ စိတ်ရှည်နိုင်မှုတွေမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုတဲ့အတွက် ဒီအချက်မှာလည်း အမျိုးသမီးတွေ သတိပြုဖို့ဖြစ်လာစေပါတယ်။

အထက်ပါ (၃) ချက်ကတော့ ဖြစ်နိုင်ခြေများတဲ့ အချက်တွေဖြစ်ပြီး အကယ်လို့ ကိုယ့်အမျိုးသားချစ်သူက တကယ်ဆိုးဆိုးရွားရွာ ဖြစ်နေတယ်ဆိုရင်တော့ ယိုင်သင့်ရင် ယိုင်နိုင်ကြောင်း အကြံပြု လိုက်ရပါတယ်။ ဒါပေမယ့် နားလည်မှုလွှဲနေတာမျိုး၊ ကိုယ့်စိတ်ကို အလိုလိုက်တာမျိုး မဖြစ်စေဖို့အရးကြီးပါတယ်။ အမျိုးသမီးလေးတွေ လေတိုက်တိုင်း ယိမ်းတဲ့အပင်လေးလို မဖြစ်စေပဲ ကိုယ့်ချစ်သူကို နားလည်မှုအပြည့်နဲ့ စိတ်အလိုမလိုက်ပဲ ကြာရှည်လက်တွဲနိုင်စေဖို့ သတိပြုမိရန် ရေးသားပေးလိုက်ရပါတယ်။

ခွန်နေ - Khun Nay


No comments:

Post a Comment