Wednesday, February 25, 2015

လူတွေက သင့်ကို အကဲဖြတ်ဝေဖန်ကြလိမ့်မယ်… ဒါပေမယ

လူတွေက သင့်ကို အကဲဖြတ်ဝေဖန်ကြလိမ့်မယ်… ဒါပေမယ့် သင့်ရဲ့ အရည်အချင်းကိုတော့ တန်ဖိုးဖြတ်နိုင်ကြမှာ မဟုတ်ပါဘူး… လူတွေက သင့်ရဲ့ တက်လမ်းကို နှောင့်ယှက်ကြလိမ့်မယ်… ဒါပေမယ့် သင့်ကို ရပ်တန့်အောင်တော့ လုပ်နိုင်ကြမှာ မဟုတ်ပါဘူး… လူတွေက သင့်ရဲ့ အမှားတွေကို ထောက်ပြကြလိမ့်မယ်… ဒါပေမယ့် အမှန်ပြင်ဖို့တော့ သူတို့လည်း စွမ်းနိုင်ကြမှာ မဟုတ်ပါဘူး… လူတွေက သင်တိုးတက်ဖို့ အကြံဉာဏ်တွေ ပေးကြလိမ့်မယ်… ဒါပေမယ့် တကယ်တိုးတက်ဖို့တော့ သူတို့လည်းပဲ မတတ်နိုင်ကြပါဘူး… လူတွေက သင့်ရဲ့ ပြဿနာတွေကို နားထောင် ပေးကြလိမ့်မယ်… ဒါပေမယ့် ဖြေရှင်းပေးဖို့တော့ သူတို့မှာလည်း ကိုယ်စီပြဿနာတွေ ရှိနေကြတာပဲလေ… တကယ့်တကယ်တော့ ထမင်းဆီဆမ်းရွှေလင်ပန်းကို မေမေကိုယ်တိုင် ပြင်ပေးပေမယ့် သားကိုယ်တိုင် စားမှပဲ ဝမ်းဝမှာ အမှန်ပါပဲ… တေးဆိုကာ အမေ သိပ်သော်လည်း သားအိပ်မှ ပျော်မှာမလွဲပါပဲ………

ငြိမ်းလဲ့


No comments:

Post a Comment