Tuesday, February 24, 2015

" ရွှေနွယ်ရိုး "

" ရွှေနွယ်ရိုး "

သူ့ အမည်ကို ရွှေနွယ်ရိုး လို့ ခေါ်ကြပါတယ်..၊
အပင်က သစ်ခွပင်များလို အပင်မှာ တွယ်ကပ်ပြီး
ပေါက်တယ်လို့ ဆိုပါတယ်..၊ ပုံမှာ မြင်ရတဲ့ အတိုင်း
ခြုံကြီး ဖြစ်တဲ့အထိ ပေါက်ပါတယ်တဲ့..၊
သူက ဇီးပင်တွေပေါ်မှာသာ ပေါက်လေ့ ရှိပြီး
အခြားအပင်တွေပေါ်မှာ ပေါက်တာ မတွေ့တဲ့အတွက်
အခြားအပင်တွေပေါ်မှာ သူမပေါက်ဘူး လို့
ယူဆနေကြပေမဲ့ အတိအကျတော့ ဘယ်သူကမှ
မပြောနိုင်ပါဘူး..တဲ့ဗျာ..။အဲ..သူပေါက်တဲ့ ဇီးပင်ကတော့
အသီးသီးလေ့ မရှိတော့ပါဘူးတဲ့..၊

(၂၂.၂.၂၀၁၅) ...နေ့မှာ စစ်တောင်း မြစ်ကမ်းနဘေးက
ရွာသားလေးတစ်ယောက် ထူးထူးချွန်ချွန် အဝေးသင်နဲ့
ဘွဲ့ရခဲ့တဲ့အတွက် ( ကျွန်တော် တစ်ချိန်တုံးက တာဝန်နဲ့
သူတို့ရွာတွေကို ရောက်ခဲ့ဖူးပါတယ်..အရမ်းကို ခေါင်ပါတယ်။ ရွာမှာ ဘွဲ့ရတဲ့လူက လက်ချိုးရေလို့ ရလောက်ပါတယ်...သူ့မိသားစုထဲမှာလည်း သူတစ်ယောက်သာ ဘွဲ့ရခဲ့လို့ ထူးထူးချွန်ချွန်လို့ ပြောရတာပါ..) အဲဒီ လူငယ် ဘွဲ့ယူမဲ့ ကိစ္စနဲ့ ဆက်စပ်ပြီး
သူ့ဦးရီးတော်သူ တစ်ယောက် ရန်ကုန်ကို ရောက်လာရင်း အဲဒီပုဂ္ဂိုလ်နဲ့ ကျွန်တော် တွေ့မိတယ်..၊
သူသိပ်မကြာခင်က ဗိုက်ကြီးယောင်ပြီး
တစ်ကိုယ်လုံးလည်း ဖောသွပ်ယောင်ကိုင်းတဲ့ ရောဂါ
ရပါတယ်တဲ့..၊ အထူးသဖြင့်တော့ သူ့ ဗိုက်ကြီးက
ဖောင်းဖောင်းလာလို့ ဗိုက်ထဲက ရေတွေကို
ခဏခဏ ဖောက်ထုတ်နေခဲ့ရတယ်လို့ ပြောပါတယ်..၊
သူ့ရောဂါကို အာရှတော်ဝင်မှာ တက်ပြီးကုသခဲ့တာ တစ်နေ့ ဆေးဖိုး တစ်သိန်းနီးပါး ကုန်ကျခဲ့ပါတယ် တဲ့..၊
ဘယ်လိုပဲ ဆေးဖိုးတွေ ကုန်ကျ ခဲ့ပေမဲ့ နောက်ဆုံးမှာ ဆရာဝန်တွေက လက်လျှော့မဲ့ အခြေအနေ ရောက်ခဲ့ပါတယ်..တဲ့။

အကြောင်းအားလျှော်စွာ ဒီဆေးပင် ရဲ့အစွမ်းကို
သိရှိခဲ့ရပြီး....သုံးစွဲခဲ့တဲ့အခါ ခုတော့ လူကောင်းလို
ဖြစ်နေပြီး..ဆရာဝန်တွေ ကိုယ်တိုင် အံ့သြကြတယ်
လို့ပြောပြပါတယ်..၊ နွယ်ပင်လေးက အ၀ါရောင်ပါ
ရေနဲ့ သုံးခွက် တစ်ခွက် တင်အောင် ကြို ပြီး
သောက်ရင် ဆီးသွားတဲ့အခါ အနွယ်ပင်ရဲ့
အရောင်ကဲ့သို့ ၀ါဝါလေး သွားတယ်လို့ သူက
ပြောပြပါတယ်..၊ အခုတော့ သူက ဆေးကဲ့သို့
မဟုတ်တော့ပဲ သွားလေရာ ဆေးရည်ကို ယူသွားပြီး
ရေဆာတိုင်း ရေမသောက်ပဲ ဒီဆေးရည်ကို
သောက်ပါတယ်တဲ့..။ ကျွန်တော်ကလည်း
အသိမိတ်ဆွေထဲမှာ ဗိုက်ထဲက ရေကို ဖောက်ထုတ်နေရတဲ့ လူတစ်ဦး ရှိတာကြောင့်
ဒီဆေးပင်ကို လိုချင်ကြောင်း ပြောပြတော့
သူသောက်နေတဲ့ထဲက ဆေးရည်တစ်ချို့ကို
ရေသန့်ဗူးနဲ့ ထည့်ပြီး မျှဝေခဲ့ပါတယ်..၊

သူတို့က ဒီဆေးနွယ် ရှိတဲ့ နေရာတွေကို
လိုက်လံရှာဖွေနေပြီး တွေ့တဲ့အခါ
ဝမ်းသာအားရ ထတောင် ခုန်ကြပါသတဲ့..၊
သူတို့ အဆိုအရ ဝေါမြို့၊ ဒိုက်ဦးမြို့ဘက်တွေမှာ
ဒီဆေးပင်ကို အတွေ့များတယ် လို့ ဆိုပါတယ်..၊
ဆေးသောက်တဲ့အတွက် side effect လည်း
ဘာမှ မတွေ့ရပါဘူးတဲ့..၊

အညွှန်းအရတော့ ဆရာဝန်လက်လျှော့ထားတဲ့
လူနာတွေကို ပြန်လည်ရှင်သန်ခွင့် ရရှိစေခဲ့တယ်လို့
သိရပါတယ်..ကင်ဆာနဲ့ ဆီးချိုသွေးချို  ရောဂါသမားတွေ အတွက် အထူးအသုံးတည့်တယ်လို့ ဆိုပါတယ်..၊
အနာနဲ့ဆေး တည့်သွားတဲ့အခါ တစ်နေ့ တစ်သိန်းဖိုး
ကုသလို့ မပျောက်ခဲ့တဲ့ ရောဂါက ယူပစ်သလို
ပျောက်ကင်းစေတဲ့ အတွက် တိုက်ဆိုင်မှု ရှိသူတိုင်း
မှီဝဲခွင့်ရစေဖို့ မျှဝေလိုက်ပါတယ်..။

နတ်ဆေးသမားတော် Breeze Azure


No comments:

Post a Comment