"သမီးကို ပျိုးထောင်ပေးသင့်သော အကျင့်ကောင်းများ"
၁။ စိတ်ရင်းခံ ကောင်းမွန်ခြင်း
မိန်းကလေး အတွက် အခြေခံ လိုအပ်သော စိတ်နေစိတ်ထား ဖြစ်ပါတယ်။ အတ္တဆန်မယ် စိတ်ရင်းပုတ်မယ် ဆိုရင် ဘယ်လောက်ပဲ လှပလှပ ကျက်သရေ ယုတ်သွားမှာပါ။
၂။ ကိုယ့်ကိုကို တန်ဖိုးထားတတ်ခြင်း
မိန်းကလေးဟာ ကိုယ့်ကိုကို တန်ဖိုးထားတတ်ရပါတယ်။ ငြိမ်သက်သင့်တဲ့နေရာ ငြိမ်သက်ရပြီး အိနြေ္ဒနဲ့ နေရမယ့်နေရာမှာ အိနြေ္ဒနဲ့ နေထိုင်ရပါမယ်။
၃။ ကျက်သရေ ရှိအောင် နေထိုင်တတ်ခြင်း
လှပတာနဲ့ ကျက်သရေရှိတာနဲ့ မတူပါဘူး။ လှပတာဟာ ပြင်ပရုပ်ရည်နဲ့ သက်ဆိုင်တတ်ပြီး ကျက်သရေ ရှိခြင်းဟာ အတွင်းစိတ် အရည်အသွေးကနေ ယိုထွက်လာတတ်ပါတယ်။ မိန်းကလေး တစ်ယောက်ဟာ ပညာရှိမယ်။ အပြောအဆိုမှာ ယဉ်ကျေးမယ်။ အကောင်းမြင်စိတ်ဓါတ် ထားရှိတတ်မယ်။ မင်္ဂလာရှိတဲ့ အပြုံး ပိုင်ဆိုင်ထားမယ်။ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်တတ်မယ် ဆိုရင် ကျက်သရေ ရှိသွားပါတော့တယ်။
၎။ သဘောထား ပျော့ပြောင်းခြင်း
သဘောထားပျော့ပြောင်းတာဟာ သဘောကောင်းခြင်းကို ဆောင်ပါတယ်။ သဘောထားတင်းမာရင် ဘယ်လောက်ပဲ လှပလှပ၊ အရည်အချင်းဘယ်လောက်ပဲ ထူးချွန်ထူးချွန် ကျက်သရေ ဆုတ်ယုတ်သွားစေနိုင်ပါတယ်။
၅။ စိတ်ရှည်ခြင်း
မိန်းခလေးရဲ့ဘ၀တစ်လျှောက်လုံးမှာ ပုံစံမျိုးဆုံနဲ့ နေထိုင်ရပါမယ်။ သမီး၊ ဇနီး၊ ချွေးမ၊ မိခင်၊ ယောခက္မ ဘယ်နေရာမှာပဲ နေရနေရ စိတ်ရှည်ဖို့ လိုအပ်နေမှာပါ။
၆။ သန့်ရှင်းသပ်ရပ်ခြင်း
သန့်ရှင်းတယ်ဆိုတာ အဓိပ္ပါယ်နှစ်ခွ ဆောင်ပါတယ်။ ကိုယ်ကသန့်သန့်ရှင်းရှင်း နေထိုင်တတ်မယ်။ ကိုယ်အိမ်နဲ့ ပတ်ဝန်းကျင်ကိုလည်း သန့်သန့်ရှင်းရှင်း ထားတတ်မဲ့အပြင် စိတ်ထဲမှာ ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်း ထားရှိတတ်ဖို့ ဆိုလိုပါတယ်။
၇။ ကိုယ်ပိုင်အမြင်ရှိခြင်း
သားကိုသခင်၊ လင်ကိုဘုရား ကိုးကွယ်ရတဲ့ခေတ် မရှိတော့ပါဘူး။ ဘာမဆို အံမခန်း တိုးတက်နေတဲ့ ဒီနေ့ခေတ်ကြီးမှာ ကိုယ်ပိုင်အမြင်နဲ့ အကောင်းအဆိုး ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ်။ ဘ၀မှာ ဘာပြဿနာပဲ ကြုံရ ကြုံရ၊ ကိုယ်အမြင်နဲ့ ဖြေရှင်းတတ်ဖို့ လိုအပ်ပါတယ်။ ဒီအရည်အချင်းဟာ နောင် ပျော်ရွှင်သာယာတဲ့ မိသားစု တည်ဆောက်ဖို့ အလွန်အရေးကြီးပါတယ်။
Credit to: Sayar Aung Ko Latt
Wednesday, February 25, 2015
"သမီးကို ပျိုးထောင်ပေးသင့်သော အကျင့်ကောင်းများ"
Labels:
မိဘမေတ္တာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment