" မြန်မာ ဟူသောစကား၏ အဓိပ္ပါယ် "
“မြန်”
ဟူသည်မှာ စစ်ချီတက်ခြင်းမှ စ၍ ခက်ခဲသောအရေးအကြောင်းနှင့်
ကြုံသည့် အခါ ဤအရေးကို ပြီးစီးအောင်မြင်ရန် ဇ၀နဥာဏ်၊ တင်္ခနုပတ္တိဥာဏ်
တို့ဖြင့် လျင်မြန်စွာကြံစည်တတ်သောသတ္တိဂုဏ်ဖြင့် ပြည့်စုံခြင်း၊
“မာ”
ဟူသည်မည်သည့်အရာမဆို ဆန္ဒ၊ အာသီသ နှလုံးသွင်းသည့်အတိုင်း
ပေါက်မြောက်အောင် မလျှော့သော လုံးလ၀ီရိဖြင့် ဇာတိသွေး၊ ဇာတိမာန်
ခက်ထန်တင်းမာသော စိတ်ရင်းသတ္တိနှင့်ပြည့်စုံခြင်းဟူ၍
အဓိပ္ပါယ် ရပေသည်။
မြန်မာအဘိဓာန်
No comments:
Post a Comment