Monday, February 23, 2015

"အမျိုးသမီးအများစု နေ့စဉ်ရေမချိုးကြဟု စစ်တမ်းကဖော်ပြ"

"အမျိုးသမီးအများစု နေ့စဉ်ရေမချိုးကြဟု စစ်တမ်းကဖော်ပြ"

အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ တကိုယ်ရေသန့်ရှင်းမှုတွေနဲ့ ပတ်သတ်တွေ လျှို့ဝှက်ချက်တွေကို လေ့လာချက်စစ်တမ်းတစ်ရပ်က ထပ်မံ ဖော်ထုတ်လိုက်ပါတယ်။ အံ့သြစရာကောင်းတာက အမျိုးသမီး အများစုက ရေချိုးဖို့ ပျင်းတာပဲဖြစ်ပါတယ်။

Flint + Flint အလှကုန်လုပ်ငန်းက လေ့လာခဲ့တဲ့စစ်တမ်းအရ အမျိုးသမီးငါးဦးမှာ လေးဦးက နေ့စဉ်ရေမချိုးကြဘူးလို့ ဝန်ခံကြပါတယ်။ အမျိုးသမီးသုံးဦးမှာ တစ်ဦးက သုံးရက်လောက်အထိ ရေမချိုးပဲ နေလေ့ရှိတယ်လို့ ဒီစစ်တမ်းက ဖော်ထုတ်လိုက်တာဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ စစ်တမ်းလေ့လာချက်အရ နောက်ထပ်တွေ့ရှိတာက အမျိုးသမီး ရှစ်ဦးမှာ တစ်ဦးက ညဘက်သွားမတိုက်ပဲ အိပ်ယာဝင်လေ့ရှိပါတယ်။ အမျိုးသမီးဦးရေ သုံးပုံနှစ်ပုံလောက်ကတော့ လိမ်းထားတဲ့ မိတ်ကပ်တွေ မဖျက်ပဲ အိပ်ယာဝင်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေဟာ ထင်ထားတာထက် တကိုယ်ရေသန့်ရှင်းမှု အားနည်းနေတယ်လို့ စစ်တမ်းပြုစုသူတွေက ဆိုပါတယ်။

အသက် ၁၈ နှစ်ကနေ ၅၀ အကြားမှရှိတဲ့ အမျိုးသမီး ၂၀၂၁ ဦးကို လေ့လာရာမှာ ဒီလိုလျှို့ဝှက်ချက်တွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ စစ်တမ်းကောက်ယူခဲ့တဲ အမျိုးသမီးစုစုပေါင်းရဲ့ ၂၁ ရာခိုင်နှုန်းကပဲ မနက်တိုင်းရေချိုးတယ်လို့ ပြောပါတယ်။ ကျန်တဲ့ ၇၉ ရာခိုင်နှုန်းကတော့ နေ့တိုင်းရေမချိုးဖြစ်ပါဘူး။ ၃၃ ရာခိုင်နှုန်းက သုံးရက်မှတစ်ခါလောက် ရေချိုးတာမျိုး လုပ်လေ့ရှိတယ်လို့ ဝန်ခံထားကြပါတယ်။

စစ်တမ်းကောက်ယူတဲ့ လူဦးရေရဲ့ စုစုပေါင်း ၅၇ ရာခိုင်နှုန်းတော့ ညဘက်အိပ်ယာမဝင်ခင်မှာ တကိုယ်ရေး သန့်ရှင်းမှု သေချာမပြုလုပ်ပဲ အပေါ်ယံဆေးကြောသန့်စင်တာလောက်ပဲ လုပ်လေ့ရှိတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် ၉၂ ရာခိုင်နှုန်းသော အမျိုးသမီးတွေကတော့ အသားအရေထိန်းသိမ်းတာဟာ လူနေမှုပုံစံအတွက် အရေးကြီးတယ်လို့ နားလည်သဘောပေါက်ထားကြပါတယ်။ လက်တွေ့တော့ လုပ်ဖြစ်သူဟာ နည်းပါးလျှက် ရှိပါတယ်။ အိပ်စက်ချိန်နည်းပါးတာနဲ့ ရေဓါတ်ခမ်းခြောက်တာကလည်း အသားအရေကို ပျက်စီးစေတယ်ဆိုတာ အမျိုးသမီးအတော်များများက နားလည်ထားကြတယ်လို့ ဆိုပါတယ်။

နေ့တိုင်းရေမချိုးဖြစ်ကြပေမယ့် တကိုယ်သန့်ရှင်းမှုပိုပြီး လုပ်ရမယ်ဆိုတာ နားလည်ကြောင်း စစ်တမ်းဖြေဆိုသူ ၈၉ ရာခိုင်နှုန်းက ထောက်ခံကြပါတယ်။

Planet


No comments:

Post a Comment