"နှုတ်ခမ်းဆိုးဖယောင်းတောင့်ရဲ့ အံ့သြဖွယ် အသုံးဝင်ပုံတွေ"
ရာသီဥတုအပြောင်းအလဲမှာ နှုတ်ခမ်းသား ခြောက်တာတွေကို ကာကွယ်ပေးတဲ့ နှုတ်ခမ်းဆိုး ဖယောင်းတောင့်တွေဟာ နှုတ်ခမ်းအတွက်တင်မက တခြားနေရာတွေမှာပါ အသုံးတည့်တာကြောင့် သေသေချာချာ အသုံးချနိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
ဖယောင်းတောင့်ကို မျက်ခုံးမွေးတွေ သပ်ရပ်ညီညာနေစေဖို့အတွက် သုံးနိုင်သလို ဆံပင်တွေ ရှုပ်ရှုပ်ပွပွနဲ့ ကြည့်မကောင်းတဲ့အခါမှာလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ရေ (ဒါမှမဟုတ်) ဂျယ်အစားထိုးသုံးနိုင်ပါတယ်။
အင်္ကျီ၊ ဘောင်းဘီနဲ့ အိတ်တွေ ဇစ်ဆွဲမရဖြစ်နေရင်လည်း ဖယောင်းတောင့်သုံးပြီး ဇစ်လမ်းကြောင်းချောအောင် ပြန်လုပ်နိုင်ပါတယ်။ လက်သည်းခြေသည်း ပန်းကုံးတွေခြောက်တာတို့၊ လက်စွယ်ပဲ့တာတို့ကိုလည်း ဖယောင်းတောင့်နဲ့ ပွတ်လိုက်ရင် ချောမွတ် စိုပြည်စေပါတယ်။
နောက်ပြီး မတော်တဆ ပြတ်ရှဒဏ်ရာရရင်လည်း ဖယောင်းတောင့်နဲ့ သုတ်လိမ်းရင် သွေးတိတ်စေပြီး အနာသက်သာစေပါတယ်။ ဖိနပ်အသစ်စီးလို့ ဖိနပ်ပေါက်ရင်လည်း ဖြစ်တဲ့နေရာကို ဖယောင်းဆီသုတ်လိမ်းနိုင်ပါသေးတယ်။
ဖယောင်းတောင့်ကို မျက်ခွံပေါ်မှာ အောက်ခံဆေးအဖြစ် သုတ်လိမ်းထားပြီးမှ မိတ်ကပ်လိမ်းမယ်ဆိုရင် တစ်နေကုန် လန်းဆန်းလှပနေစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိမ်မှာ ဖိနပ်တိုက်ဆေး အလွယ်တကူ ရှာမရရင်လည်း နှုတ်ခမ်းဆိုးဖယောင်းတောင့်က ဖိနပ်တွေ ပြောင်လက်စေဖို့ ကူညီနိုင်ပါ တယ်။
အသားအရေ ခြောက်ပြီး ယားယံတယ်ဆိုရင်လည်း နှုတ်ခမ်းဆိုးဖယောင်းနဲ့ သုတ်လိမ်းနိုင်သလို ခြေဖနောင့်ကွဲအက်တာ တွေကိုလည်း သုတ်လိမ်းပေးလို့ ရပါတယ်။ လက်စွပ်တွေအကြာကြီး ၀တ်ထားမိလို့ ချွတ်မရရင်လည်း နှုတ်ခမ်းဆိုးဖယောင်း သုတ်ပြီး ချွတ်ရင် အလွယ်တကူ ချွတ်လို့ရပါတယ်။
Ref: Wellnessbin
7Day Daily
Friday, February 20, 2015
"နှုတ်ခမ်းဆိုးဖယောင်းတောင့်ရဲ့ အံ့သြဖွယ် အသုံးဝင်ပုံတွေ"
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment