" game over ဖြစ်တဲ့နေ့ "
ကလေးတစ်ယောက် ဆံပင်ညှပ်ဆိုင် အတွင်းဝင်လာသည်။ ဆံပင်ညှပ်ဆရာက သူ့ဖောက်သည်ကို တိုးတိုး လေးကပ်ပြောသည်။
" ကြည့်ဗျ . . . ကမ္ဘာမှာ ဒီလောက်တုံးတဲ့ ကလေးမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ ကြည့်နေ ကျနော်ပြမယ်။"
ဆံပင်ညှပ်ဆရာသည် လက်တစ်ဖက်တွင် အကြွေ ဆင့် ၅၀ ကိုကိုင်၍ တစ်ဖက်က ၁ ဒေါ်လာတန် ငွေစက္ကူကို ကိုင်ထားသည်။ ပြီးနောက် ကလေးငယ်ကို လှမ်းခေါ်သည်။
"ကဲ . . .ချာတိတ် ဒီနှစ်ခု ထဲက မင်း ဘယ်ဟာကို ယူချင်လဲ"
ကလေးက ဆင့် ၅၀ အကြွေကို သာ ရွေးယူလိုက်သည်။
ပြီးနောက် မုန့်ဝယ်စားရန် အပြင်သို့ ထွက်သွားလေသည်။
ဆံပင်ညှပ်ဆရာက သူ့ဖောက်သည်ကို မျက်ခုံးပင့်၍ ကြည့်ရင်း ပြောသည်။
"ဘယ်တော့မှ လေ့လာသင်ယူမှု မရှိတဲ့ ချာတိတ်ဗျ။ ကျနော် ခဏခဏ စမ်းကြည့်တယ် အမြဲတမ်းဒီတိုင်းပဲ"
ဖောက်သည်က ဘာမှ ပြန်မပြောခဲ့။ ဆံပင်ညှပ်ပြီး၍ အပြန်လမ်းတွင် ဖောက်သည်သည် အစောတုန်းက ကလေးကို ရေခဲမုန့် စားနေသည်ကို တွေ့ရသည်။
ကလေးငယ်အနားကပ် သွားသည်။ ပြီး သူသိချင်သည်ကို မေးကြည့်သည်။
"မင်းကွာ . . . ဟို ပိုများတဲ့ တစ်ဒေါ်လာကိုတော့ မရွေးဘူး။ ဘာမဟုတ်တဲ့ အကြွေကိုမှ ဘာကြောင့် ယူရတာလဲ"
ကလေး ငယ်က ရေခဲမုန့်ကို လျှာဖြင်ယက်ရင်း ဖြေသည်။
"တစ်ဒေါ်လာယူတဲ့နေ့ က game over ဖြစ်တဲ့နေ့ ဖြစ်သွားမှာပေါ့ဗျ"
ခင်ဇော် ဦး
Friday, February 27, 2015
" game over ဖြစ်တဲ့နေ့ "
Labels:
ဟာသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment