" ပန်းရောင်နှုတ်ခမ်းလေးတွေ ပိုင်ဆိုင်နိုင်ဖို့ "
နှုတ်ခမ်းတွေ မည်းနေတတ်ပြီး ပန်းရောင် နှုတ်ခမ်းလေးတွေကို ပိုင်ဆိုင်ချင်တယ်ဆိုတဲ့ ပျိုမေတွေ အနေနဲ့ နွားနို့အေးနဲ့ နနွင်းမှုန့်တို့ကို ရောစပ်ပြီး နှုတ်ခမ်းကို သုတ်လိမ်းပေးပါ...
ပြီးတော့ ငါးမိနစ်လောက် ဒီအတိုင်း ထားရပါမယ်... ဒီနည်းလမ်းအတိုင်း တစ်ပတ်လောက် လုပ်သွားမယ်ဆိုရင်ပဲ သင့်နှုတ်ခမ်း အရောင်အသွေးဟာ သိသာထင်ရှားစွာ ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။
လူအများစုဟာ သူတို့ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်ကို အစိုဓာတ် ထိန်းသိမ်းတတ်ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ နှုတ်ခမ်းတွေကိုတော့ အာရုံစိုက်မှု အလွန်နည်းပါတယ်။ ဆောင်းရာသီမှာ နှုတ်ခမ်းဟာ အစိုဓာတ် ဆုံးရှုံးကာ ခြောက်ပြီး အခြပ်လိုက် ကွာတတ်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းကို အဆီတောင့် (petroleum jelly) ဒါမှမဟုတ် နှုတ်ခမ်းဆိုးဆေးတွေ များများဆိုးပြီး ပျော့ပြောင်းမှုကို ထိန်းသိမ်းရပါမယ်။
အိပ်ရာမဝင်ခင်မှာ ဗွီတွတ် (beetroot) ဖျော်ရည် နည်းနည်းကို နှုတ်ခမ်းမှာ လိမ်းပေးပါ။ ဗွီတွတ်တွေဟာ သဘာဝ အရောင်တင်ဆေး ဖြစ်တဲ့အတွက် မနက် အိပ်ရာထတဲ့အချိန်မှာ သင့်နှုတ်ခမ်းတွေဟာ သဘာဝအတိုင်း ပန်းရောင် သန်းနေပါလိမ့်မယ်။
နှင်းဆီအနီရဲ့ ပွင့်ချပ်တွေကို ကြေအောင်ကြိတ်ပြီး သင့်နှုတ်ခမ်းပေါ် သုတ်လိမ်းပါ။ သင့်နှုတ်ခမ်းတွေ နှင်းဆီရောင် သမ်းလာစေတဲ့အပြင် နှုတ်ခမ်းတွေရဲ့ ကျန်းမာရေး အတွက်လည်း အထောက်အကူ ပြုစေပါတယ်။
နောက်တစ်နည်းကတော့ ရှောက်သီးနဲ့ သကြားကိုသုံးပြီး သင့်နှုတ်ခမ်း အရေပြားကို ပေါင်းတင်တာပါပဲ။ ဒီနည်းအားဖြင့် အရေပြား အသေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် လက်ဖက်ရည်/ ကော်ဖီချိုးတွေကို ရှင်းလင်းပေးကာ သင့်နှုတ်ခမ်းကို နူးညံ့ပြီး ပန်းရောင်သမ်းစေမှာ ဖြစ်ပါတယ်။
Credit : မြ၀တီ
Sunday, February 22, 2015
" ပန်းရောင်နှုတ်ခမ်းလေးတွေ ပိုင်ဆိုင်နိုင်ဖို့ "
Labels:
အလှအပ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment