" ယုံကြည်ချက်ရှိသူတွင် ပန်းတိုင်ရှိ "
လူကို စိတ်က ဦးဆောင်ပါတယ်။ ထက်သန်တဲ့ စိတ်ရှိရင် ယင်း ထက်သန်တဲ့ စိတ်က မိမိရဲ့ လိုအင်ဆန္ဒကို ပြီးမြောက်ဆောင် ရွက်နိုင်အောင် ဆောင်ကြဉ်းပေးပါတယ်။ အကယ်၍ သင်ဟာ ယနေ့တိုင် မအောင်မြင်ဘူး။ ကျရှုံးနေတယ်။ လမ်းပျောက်နေတယ်။ စိတ်ဓာတ်ကျနေတယ် အစရှိသဖြင့် ဒုက္ခအခက်အခဲအမျိုးမျိုးနဲ့ ကြုံနေခြင်းဟာ ထက်သန်တဲ့ စိတ်ရဲ့လှုံ့ဆ်ာမှု လိုအပ်နေသေးလို့ ဖြစ်ပါတယ်။
မိတ်ဆွေ သူငယ်ချင်းများမှာလည်း ရှိပါတယ်။ အလုပ်ကိစ္စ တစ်ခုခုကိုပဲ လုပ်ရလုပ်ရ၊ တစ်ခုခုကိုပဲ လိုချင်လိုချင် ဖြစ်ချင်ဖြစ်ချင်၊ သူတို့ဟာ ဖြစ်ချင်တယ် ရချင်တယ် ဆိုတဲ့ နေရာမှာသာ စိတ်က ရပ်သွားပါတယ်။ အဲ့ဒီထက် ရှေ့ဆက် မတိုးပါဘူး။
ယင်းကြောင့်ပဲ မိမိကိုယ်ကို ယုံကြည်မု ပျောက်ဆုံးပါသေးတယ်။ ဒါကြောင့်မို့ ယင်းရဲ့ ဆန့်ကျင်ဘက်အနေနဲ့ ယုံကြည်ချက် ပြည့်ဝသူဟာ ပန်းတိုင်ကို သိတယ်။ ရည်မှန်းချက် ရှိတယ်။ ကြိုးစားတယ်။ ကြိုးစား သလောက်လည်း နေရာတစ်ခုကို ရောက်အောင်သွားနိုင်တယ်။
ဒါကြောင့်မို့ သာမန်လူတွေလို ဘဝကို ရပ်တည်မနေပဲ ဘဝမှာ အလုပ်ကောင်း၊ ရည်မှန်းချက်ကောင်းများ ထားလို့ အသက်ရှင် နေထိုင်ကြဖို့ တိုက်တွန်း လိုက်ရပါတယ်။
Credit : innewsmyanmar
Friday, February 13, 2015
" ယုံကြည်ချက်ရှိသူတွင် ပန်းတိုင်ရှိ "
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment