Tuesday, February 17, 2015

"ဆံပင်ဆိုးဆေးများကြောင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်"

"ဆံပင်ဆိုးဆေးများကြောင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်"

ဆံပင်ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာတွေ ဖြစ်နိုင်တယ်လို့ ယခင်ကလေ့လာမှုတွေအရ သိရှိခဲ့ပြီးဖြစ်ပေမယ့် အခုချိန်မှာ ဆံပင်ဆိုးဆေးကို အသုံးပြု သူတွေ များပြားလျက်ရှိတယ်လို့ သိရှိရပါတယ်။

ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထုညစ်ညမ်းစေတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့တဲ့အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တစ်မျိုးကို ဖန်တီးပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိထားပါတယ်။

ယနေ့အချိန်ခါမှာ အမျိုးသမီး သုံးပုံတစ်ပုံခန့် ယောက်နှုန်း ဆံပင်ဆိုးဆေးကို အသုံးပြု နေကြတယ်လို့ သိရပါတယ်။ တစ်နှစ်ကို ကိုးကြိမ်ထက် ဆံပင်ဆိုးဆေး အသုံးပြု တဲ့ အမျိုးသမီးတွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ တွေ့ရှိထားပါတယ်။

Secondary Amines ဝင်တတ်ပြီး ဆံပင်ဆိုးပြီးနောက် ဦးရေပြားအတွင်း ဝင်ရောက်နိုင်ကာ ဆံပင်ပေါ်မှာလည်း သီတင်းပတ်ပေါင်း၊ လပေါင်းများစွာ ရှိနေနိုင်ပါတယ်။ နှစ်ပေါင်းများစွာထိတောင် ရှိနေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဓာတုပစ္စည်းဟာ ဆေးလိပ်ငွေ့နဲ့ မော်တော်ကား အိပ်ဇောငွေ့တွေနဲ့ ဓာတ်တုံ့ပြန်မှုဖြစ်ပြီး အလွန်အဆိပ်ပြင်းတဲ့ ဓာတုပစ္စည်း N-nitrosanimes တွေ ဖြစ်ပေါ်ကာ ကင်ဆာရောဂါကို ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက မှတ်ချက်ပေးထားပါတယ်။


Credit : မြ၀တီ


No comments:

Post a Comment