Thursday, February 19, 2015

"အချစ်တဲ့"

"အချစ်တဲ့"
ပူလောင်မှန်းသိတယ် ရူးမိုက်စွာဖတ်တွယ်
ထားချင်နေတုန်းပါပဲ...

"အချစ်တဲ့"
မျက်ရည်တွေအခါခါကျခဲ့ဖူးတယ် ဒါပေမဲ့
စွန့်လွှတ်ပစ်လိုက်မယ်ဆိုတဲ့အတွေး တစ်ခါမှမတွေးမိခဲ့ပါဘူး...

"အချစ်တဲ့"
တစ်ခါတစ်လေအရမ်းနာကျင်ခံစားရတယ် ဒါပေမဲ့
မေ့ပစ်လိုက်ဖို့မကြိုးစားခဲ့ပါဘူး...

တစ်ခါတစ်လေမှာ သူပျော်ရွှင်ဖို့အတွက်အရာအားလုံး နားလည်ပေးနေရတဲ့အခါလဲ ရှိတတ်ပါတယ်...

ကိုယ်ပျော်ရွှင်ဖို့ထက် သူစိတ်ချမ်းသာဖို့အတွက် ဟန်ဆောင်ပေးခဲ့ရတဲ့အခါတွေလဲ ရှိပါတယ်...

အချစ်ကြောင့် ဘယ်လိုပဲနာကျင်စွာခံစားနေရပါစေ စွန့်လွှတ်ပစ်ဖို့ မေ့ပစ်လိုက်ဖို့ တစ်ခါမှ တွေးမိကြမှာမဟုတ်ပါဘူး...

ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကချစ်မိသွားကြလို့ပါပဲ...

Phoe Phyu (Poem)


No comments:

Post a Comment