Thursday, February 19, 2015

" တကယ်ချစ်တတ်တဲ့ ယောကျာင်္းလေးဆိုတာ "

" တကယ်ချစ်တတ်တဲ့ ယောကျာင်္းလေးဆိုတာ "

ကိုယ်ချစ်ရတဲ့မိန်းကလေးတစ်ယောက်ကို အမြဲစိတ်ချမ်းသာအောင် ထားချင်နေတတ်ကြတယ်....

အကွာဝေးမတူရင်တောင် အမြဲသစ္စာရှိအောင် ကြိုးစားနေတတ် ကြပါတယ်...

ကိုယ်ချစ်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုအရှည်ကြီး ပြောပြနေစရာမလိုပဲ နားလည်နေတတ်တယ်...

ကိုယ့်ချစ်သူက အသံမဲ့တိတ်ဆိတ်နေတာမျိုးကိုတောင် အလိုလို သိနေတတ်တယ်...

ယောကျာင်္းတစ်ယောက်ပါပဲ ကိုယ့်ချစ်သူရဲ့ ဂရုစိုက်အကြင်နာမှုလေးတွေနဲ့ ခွန်အားဖြစ်စေတတ်တာပါ...

ကိုယ့်ချစ်သူအားငယ်နေတဲ့အခါ မှီတွယ်ဖို့အတွက် ရင်ခွင်တစ်ခု အမြဲအဆင်သင့်ရှိနေတတ်တယ်...

အမြဲတမ်း "သူ့အတွက်သူ့အတွက်" ဆိုတဲ့ စိတ်လေးတွေအမြဲတမ်း ရှိနေတတ်ပါတယ်...

ကိုယ့်ချစ်သူကို ဆွေမျိုးအရင်းချာတစ်ယောက်လိုလဲ ကူညီ စောင့်ရှောက်နေတတ်ပါတယ်....

တကယ်ချစ်တတ်တဲ့ယောကျာင်္းလေးဆိုတာ ကိုယ့်ကြောင့် ကိုယ့်ချစ်သူ သိက္ခာမဲ့သွားစေတဲ့ အပြုမူမျိုး တတ်နိုင်သလောက် ရှောင်နေတတ်ပြီး အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတတ်ပါတယ်...

အချက်တိုင်းမဟုတ်ရင်တောင် တစ်ချို့တစ်ဝက်လောက် ကိုက်ညီနေရင် အကောင်းဆုံး ဘ၀လက်တွဲအဖော်ဖြစ် ရွေးချယ်လိုက်ပါ။ ဒါပေမဲ့ တကယ်ချစ်တတ်တဲ့ ယောကျာင်္းတစ်ယောက်ဟာ ဒီအချက်တွေထက်တောင် ပိုနေတတ်ပါတယ်....

Phoe Phyu (Poem)


No comments:

Post a Comment