Thursday, February 19, 2015

" အွန်လိုင်းကတစ်ဆင့် အပြင်မှာ ဒိတ်လုပ်တော့မယ်ဆိုရင် ဒီလိုယောင်္ကျားမျိုးတွေ မစဉ်းစားသင့် "

" အွန်လိုင်းကတစ်ဆင့် အပြင်မှာ ဒိတ်လုပ်တော့မယ်ဆိုရင် ဒီလိုယောင်္ကျားမျိုးတွေ မစဉ်းစားသင့် "

အပြင်မှာ ခင်မင်ပြီး တစ်ဆင့်တက်ကာ ဒိတ်လုပ်တာမျိုး မဟုတ်ပဲ၊ အွန်လိုင်းမှာ ခင်မင်ပြီး သံယောဇဉ်ကြိုး ချည်နှောင်သွားမိတယ်ဆိုပါစို့။ ဒီလိုအခြေအနေမှာ ကိုယ့်ဘက်က သတိကြီးကြီးထားရမယ့် အနေအထားလေးတွေ ရှိပါတယ်။ အမျိုးသမီးတွေအနေနဲ့ အယုံလွယ်ပြီး ပုံလိုက်တာမျိုး မဖြစ်ရလေအောင် စတွဲတော့မယ်ဆိုတာနဲ့ သူ့အခြေအနေတွေကို ကြိုတင်သုံးသပ်နိုင်ဖို့ သိသင့်တဲ့ အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။သူ့ရဲ့ ဆိုရှက်နက်ဝက်ခ်က ပရိုဖိုင်းဟာ အထူးကို သီးသန့်ဆန်လွန်းနေတယ်ဆိုရင်

လူတွေနဲ့ မပတ်သက်ချင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ ဖေ့စ်ဘွတ်ခ်ပရိုဖိုင်းမှာ သူငယ်ချင်းနည်းမယ်၊ လှုပ်ရှားမှုအခြေအနေတွေ ကြည့်ရင်လည်း ဘာဆိုဘာမှ မရှိဘူး။ ကိုယ်နဲ့အီစကလီလုပ်ဖို့ သက်သက်ဖွင့်ထားတဲ့ အကောင့်တစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို ကိုယ်က သတိထား ကြည့်ရင် သိပါ့လိမ့်မယ်။

၂။ဖုန်းကနေ အချိန်မမှန် message တွေပို့နေတယ်ဆိုရင်

ကိုယ်က သူ့ကို message ပို့လိုက်တဲ့အခါ သူက ချက်ချင်းဆိုသလို အကြောင်းပြန်တယ်။ ပြန်ပို့တယ်။ ကိုယ်ထင်တာတော့ အခြေအနေကောင်းပြီပေါ့။ ဒါပေမယ့် အဲ့ဒါလေး ပို့ပြီးကတည်းက နောက်ထပ် ၁၂ နာရီလောက် ဘာဆိုဘာမှ သူ့ဆီက မကြားရ၊ စာတိုလက်ခံရရှိတာမျိုး မရှိတော့ဘူး။ အဲ့ဒီနောက် မနက် ၄ နာရီလောက်ကြီး ဒီကြားထဲ ဘာမှမဖြစ်သလို စာတိုတွေ ကိုယ့်ဆီကို ပို့ပြန်ရော။ ဒါ မထူးဆန်းဘူးလား။ သူက လင်းနို့လူသားလည်း မဟုတ်ဘူးနော်။ စဉ်းစားဖို့ လိုလာပြီပေါ့။

၃။သူပို့တဲ့စာတိုလေးတွေက ကိုယ်နဲ့မဆိုင်သလို ထင်နေမိတယ်ဆိုရင်

တစ်ခါတစ်လေ ကိုယ့်စိတ်ထဲက ဖြစ်ပေါ်လာတဲ့ အရာတွေဟာ ယုံကြည်သင့်တဲ့အရာတွေပေါ့။ သူက မင်းအကြောင်း စဉ်းစားနေတာ၊ မင်းကို လွမ်းလိုက်တာ ဆိုတာမျိုး ဘာမှအတိအကျ မပါတဲ့ စာသာမျိုး ပို့တာဆိုရင် ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်ဆီကိုလည်း ဒါတွေပဲ ပို့နိုင်တယ်လို့ တွေးပါ။ သင့်အကြောင်း ပိုထိမိတဲ့အရာမျိုး ပို့တယ်ဆိုမှသာ စိတ်ချချင်စရာကောင်းတာပါ။

၎။ကိုယ်က သူ့ message ကို အကြောင်းမပြန်မချင်း ဆက်တိုက်စာတိုတွေ ပို့နေတတ်တယ်ဆိုရင်

လူတစ်ယောက်ကိုလေ့လာတဲ့အခါ သူ့ရဲ့စိတ်ဓာတ်ကို သူ့လုပ်ပုံကိုင်ပုံ၊ ပြောဆိုပုံနဲ့ အပြုအမူကတစ်ဆင့် သိနိုင်ပါတယ်။ သူက ကိုယ့်ဆီကို message ငါးစောင်လောက်ပို့တဲ့အထိ အကြောင်းမပြန်မိသေးတာကို ကိုယ့်ဆီမရောက်ဘူး အထင်နဲ့ နောက်ထပ် ကိုးစောင်လောက်ထပ်ပို့လာတဲ့ သူ့ရဲ့စိတ်ဟာ ဇွတ်အတင်းလုပ်တတ်တဲ့သူမျိုး ဖြစ်နေလို့ပါ။

၅။ကိုယ်ရေးကိုယ်တာမေးခွန်းမျိုးတွေကို ဟိုရှောင်ဒီရှောင် ဖြေတတ်သူဆိုရင်

သူက ကိုယ်ဘာမေးလိုက်မေးလိုက်၊ လျှောချသွားတာများတယ်။ တိတိကျကျ ဘာအဖြေမှ ထွက်မလာပဲ ကိုယ့်အကြောင်းတွေကိုသာ ပြန်မေးခွန်းထုတ်တတ်တယ်ဆိုရင် သူဟာ သတိထားရမယ့်သူပါပဲ။

၆။သူပြောလိုက်တဲ့စကားတိုင်းဟာ လိင်ကိစ္စတွေကိုသာ ဦးတည်နေတတ်တယ်ဆိုရင်

စသလိုနောက်သလိုနဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် စကားလမ်းကြောင်းကို မရမက ဆွဲယူပြီးတော့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ရင်သားဟာ ဘယ်လောက်လှကြောင်း၊ ကိုယ့်ရဲ့တင်က ဘယ်လိုဖြစ်ကြောင်း ခန္ဓာကိုယ်ကိုသာ အသားပေးတဲ့စကား၊ ညစ်ပတ်တဲ့ စကားလမ်းကြောင်းတွေကိုသာ ဆွဲယူပြောဆိုနေသူဆိုရင်တော့ သူ့ကို ဝေးဝေးရှောင်လိုက်တာ ကောင်းပါတယ်။

၇။လူချင်းတွေ့ဖို့ ချိန်းတိုင်း အကြောင်းတစ်ခုခုကြောင့် ပျက်သွားတတ်တယ်ဆိုရင်

သူနဲ့တွေ့ဖို့ ချိန်းတိုင်း သူ့အမေနေမကောင်းလို့၊ သူအလုပ်တွေရှုပ်နေလို့ စသဖြင့် အကြောင်းတွေပြပြပြီး ကိုယ့်ကို လာမတွေ့ဘူးဆိုရင်တော့ ဒီလိုလူကို သိပ်စဉ်းစားမနေပါနဲ့တော့။


Credit : Trend Myanmar


No comments:

Post a Comment