" လေကို ရေအဖြစ် ပြောင်းပေးတဲ့စက် "
လေကို ရေအဖြစ် ပြောင်းပေးတဲ့ စက်ကို ၂၀၀၈ ခုနှစ် ကတည်းက အမေရိကန်မှ Jonathan Ritchey လို့ အမည်ရတဲ့ ပညာရှင်က တီထွင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ သဘာဝဘေးအန္တရာယ် ခံစားကြုံတွေ့ရပြီး ရေရရှိရန် ခက်ခဲတဲ့ ဒေသများမှာ အသုံးပြုစေဖို့ ဖြစ်ပါတယ်။ စစ်တပ်မှာလည်း အသုံးပြုရန် ဖြစ်ပါတယ်။
သူက တစ်ရက်ကို ရေ ၃ ဂါလံနဲ့ တစ်ခါသောက်ခွက် လေးခွက်စာ ထုတ်လုပ်နိုင်ပါတယ်။ ယူနစ်အားဖြင့် 13 quarts ဖြစ်ပါတယ်။ ယင်းဟာ ပျမ်းမျှတွက်ထားခြင်း ဖြစ်ပြီး အချို့ရက်မှာ အဲ့ဒီထက်များသလို အချို့ရက် ကျတော့ နည်းပါတယ်။ နည်းတဲ့အကြောင်းအရင်းက ရေငွေ့ နည်းတာနဲ့ လေမသန့်တို့ အတွက်ကြောင့်သာ ဖြစ်ပါတယ်။ လေမသန့်တဲ့ အခါမျိုးကျရင် စက်ဟာ ရေထုတ်လုပ်ခြင်းကို အလိုအလျောက် ရပ်တန့်ပါတယ်။ ၄၅ ပေါင်လောက်ပဲ လေးတဲ့ ယင်းစက်ဟာ အိမ်မှာ အဲယားကွန်း တစ်လုံး တပ်စာ လောက်ပဲ ရှိတာကို ယခုလို မြင်တွေ့ရပါတယ်။ အဖုံးကို ချွတ်ထားတော့ ပုံမှာ မြင်ရသလိုပဲ တည်ဆောက်ထားမှုက ရှင်းလင်းပါတယ်။
ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၂၀၀ နဲ့ ၁၃၀၀ ကြားမှာ ရှိပေမယ့် ဈေးကွက် ထုတ်ရောင်းတာနည်းပြီး သဘာဝ ဘေးအန္တရာယ်ကြုံရတဲ့ ဒေသတို့နဲ့ အမေရိကန် စစ်တပ်တို့မှာပဲ အသုံးများ ပါတယ်။ သူက လေထဲကနေ ရေဓာတ်ကို ယူပြီး အရည်ပျော်ကျဆင်းစေမယ့် နည်းပညာမျိုး ဖြစ်ပါတယ်။
အနာဂတ်မှာ ယင်းကဲ့သို့ ပစ္စည်းကိုမှ ဈေးသက်သာတဲ့ ရေထုတ်ပစ္စည်းများ ထွက်နိုင်ချေ ရှိကြောင်း သိရပါတယ်။
.
Ref: nbcnews
အောင်ခမ်း (ရိုးရာလေး)
Sunday, February 15, 2015
" လေကို ရေအဖြစ် ပြောင်းပေးတဲ့စက် "
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment