" ကကြီးတဲ့ ဟေ့ "
ဂျူရောင်းကျွန်းပေါ်မှာ ကိုရီးယားကုမ္မဏီနဲ့တွဲပြီး ၂ နှစ်ခွဲလောက် အလုပ်လုပ်ဖူးတယ်။
သိလိုက်ရတာက ကိုရီးယားတွေ အင်္ဂလိပ်စာမှာ သိပ်မကောင်းဘူးလို့။
ကျနော်တို့ ငယ်ငယ်က အင်္ဂလိပ်စာကို အသံထွက်တွေ ရေးပြီးကျက်ခဲ့တာမျိုး ဒီကိုရီးယားတွေက တပုံစံထဲရယ်
This is a book ကို အသံထွက်ပါတဲ့ စာအုပ်မှာ ဒီလိုရေးတယ်…
‘သစ်(စ) အစ်(စ) အေ ဘွတ်(ခ)’
ဒါကို ကျနော်တို့မှားဖတ်တော့ ‘သစ်စ အစ်စ အေ ဘွတ်ခ’ လို့။
ကိုရီးယားတွေက…
Beef ကို ‘ဘိပ’ လို့ အသံထွက်တယ်
finished ဆိုရင် ဖင်နစ်ရှစ် လို့ အသံထွက်တယ်
rush ကို ရပ်ရှစ် လို့ ထွက်တယ်
ကြည့်ရတာ လျှာမှာ ဘရိတ် မပါလို့နေမှာ
ဒါ ကျနော်နဲ့တွဲလုပ်ခဲ့တဲ့ ကိုရီးယားတွေကို ပြောတာပါ။
အင်္ဂလိပ်စာမှာ ညံ့ပေမယ့်နည်းပညာမှာတော့ ကမ္ဘာကိုရင်ဘောင်တန်းနိုင်တယ်။
စမတ်ဖုန်းဈေးကွက်မှာ Apple ကို ယှဉ်နိုင်တာ သူတို့ Samsung ပဲ ရှိတာ။
အဲဒီမှာ ဖုန်းဈေးကွက်လုကြရင်း အပြိုင်ကြော်ငြာကြသတဲ့
iPhone က ရှေ့က ကြော်ငြာရင် Samsung က အားကျမခံ လိုက်ကြော်ငြာတယ်။
Samsung က အင်္ဂလိပ်လို သိပ်မရတော့ အများကြီး ခေါင်းရှုပ်ခံမနေဘူး
Apple ကြော်ငြာထဲမှာ more ဆိုတာလေးပဲ ထပ်ထည့်လိုက်တယ်
လူလည်လုပ်တာပေါ့။
Apple ကြော်ငြာက…
“iPhone is slim”
…ဆိုရင် Samsung က လိုက်ကြော်ငြာတယ်…
“Samsung is more slim” …တဲ့။
တခါ…
Apple ကြော်ငြာက…
“iPhone is light”
…ဆိုတော့ Samsung က ကြော်ငြာတယ်…
“Samsung is more light”… တဲ့။
ဒေါသထွက်လာတဲ့ Apple ကုမ္မဏီရဲ့ အမှုဆောင်အရာရှိက ထ ကြေညာတယ်…
“I am gay”… လို့။
ဘာရမလဲ
Samsung ကို ဒါမျိုးလာစမ်းလို့ မရဘူး
အိမ်တိုင်ပါ ကျွတ်သွားမယ်။
ချက်ခြင်း ပြန်ကြေညာလိုက်တယ်…
“I am more gay and water resistant”… တဲ့။
အေးရော
Credit : သန်၎
Monday, February 16, 2015
" ကကြီးတဲ့ ဟေ့ "
Labels:
ဟာသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment