" ကျေးဇူးရှင် အဖေရဲ့ တိတ်တဆိတ် မေတ္တာ "
အဖေသည် မိသားစု တစ်စုအတွက် မရှိမဖြစ် အရေးကြီး ပုဂ္ဂိုလ်ဖြစ်သည်။
အဖေရဲ့ သန်မာတဲ့ လက်အစုံနဲ့ထိတွေ့ မွေးဖွားသန့်စင်လာသူတိုင်းဟာ လောကကြီးက ဖိတ်ခေါ်လို့ ရောက်ရှိလာတဲ့ ကံကောင်း သူတွေပါ။
အဖေ ဘယ်လောက်အရေးပါ တန်ဖိုးရှိသလဲဆိုတာ အဖေခေါ်ခွင့် မရှိတဲ့ သူတွေသာ အသိဆုံးပါ။
တစ်ရက်မှ အနားမယူဘဲ မိသားစု ဖူလှုံရေးအတွက် နေပူမိုးရွာမရှောင် အလုပ် သိမ်းကျုံးလုပ်ဆောင်တဲ့ အဖေ့ကို မိမိကိုယ်တိုင် အလုပ်ခွင်ဝင်ချိန် လူတကာနဲ့ အဆင်ပြေပြေ ဆက်ဆံရင်း အောင့်သီးအောင့်သက် ခံစားချက်များနဲ့ အိမ်အပြန် အမေ့ကို အားတင်းပြုံးပြနေရမှ အဖေဘယ်လောက် အဖိုးတန်သလဲဆိုတာ ပိုသိခဲ့တယ်။
မချစ်လို့ မဟုတ်ပါဘဲ၊ မာန်ချီတဲ့ စကားလုံး ကြမ်းတွေနဲ့ သတ္တိရှိအောင် တိတ်တဆိတ် သွန်သင်ပေးနေတယ်။
သားသမီးတွေကို ပတ်ဝန်းကျင်ကလူတွေ မစော်ကားရဲအောင် မားမားမတ်မတ် ကာကွယ်ပေးနေတယ်။
သားသမီးတွေ အောင်မြင်တဲ့ အသံကြားတိုင်း အမေလို ကခုန်မတတ် မပျော်ပြပေမယ့် အဖေ့ ရင်ထဲမှာ အမေ့ထက်ပိုပျော်တဲ့ တိတ်တဆိတ် ခံစားချက်ဖြင့် တပြုံးပြုံး ရှိနေတတ်တဲ့ စာဖတ်သူတို့ရဲ့ ကျေးဇူးရှင် အဖေအားလုံးကို ဒီပိုစ့်လေးနဲ့ ကျေးဇူးဆပ်ပါရစေ......။
Credit to Yangon Life Myanmar
K.K(ကနောင်)
Monday, February 16, 2015
" ကျေးဇူးရှင် အဖေရဲ့ တိတ်တဆိတ် မေတ္တာ "
Labels:
မိဘမေတ္တာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment