" ကွယ်လွန်သွားပြီးတဲ့ ခင်ပွန်းက ချစ်သူအတွက် ဗယ်လင်တိုင်း ပန်းစီးပို့ "
ခေါင်းစဉ်ဖတ်လို့ မရှင်းမရှင်း ဖြစ်သွားမယ် ထင်ပါတယ်။ တကယ်တမ်းကျတော့ ခင်ပွန်းက သူ့ဇနီး ပန်းစီးရဖို့ ကြိုတင် စီစဉ်ခဲ့ခြင်း ဖြစ်ပါတယ်။
ကွယ်လွန်သွားတဲ့
ဗြိတိန်နိုင်ငံက အသက် ၅၂ နှစ်အရွယ် မုဆိုးမ ဖြစ်သူ Shelly Golay ဟာ သက်တူရွယ်တူဖြစ်ပြီး ကွန်လွန်သွားတဲ့ Jim Golay ရဲ့ ချစ်ခင်ယုမမှုကို အတူရှိစဉ်ကို ရရှိခံစားခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူက ဦးနှောက်ကင်ဆာကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗန်လင်တိုင်းဒေးက အိမ်ရှေ့ကို ပန်းစီးရောက်တာ ကလေးတွေ သူ့ကို စတာလို့ထင်ခဲ့ပေမယ့် ပန်းစီးဆိုင်ကို ဖုန်းဆက်ကြည့်တော့ Jim Golay အမည်ရ ပုဂ္ဂိုလ်ကိုယ်တိုင် နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တိုင်း ပို့ပေးဖို့ အော်ဒါမှာထားကြောင်း ဆိုပါတယ်။
ဘယ်နှစ်နှစ်အထိ ဆိုတာတော့ မပြောထားပေမယ့် အော်ဒါပေါင်း မြောက်များစွာကို ပြုလုပ်ထားခဲ့ကြောင်း ဆိုပါတယ်။ ပန်းစီးနဲ့အတူ ပါလာတဲ့ စာကလည်း အမျိုးသမီးအတွက် ဝမ်းနည်းစရာပါ။ ‘Happy Valentine’s Day Honey. Stay Strong! Yours Forever, Love Jim’ လို့ ရေးထားခြင်း ဖြစ်ပါတယ်။
ဒါကြောင့်မို့ ရုပ်ရှင်ထဲမှာသာ ရှိခဲ့တဲ့ ချစ်သူမျိုး အပြင်မှာ တကယ်ရှိနေတာမျိုးကို ကြုံတွေ့ရတော့ Shelly ခမျာ ဝမ်းသာရပေမယ့် အနားမှာ မရှိတော့တဲ့အတွက်လည်း ဝမ်းနည်းခဲ့ရပါတယ်။
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
Tuesday, February 17, 2015
" ကွယ်လွန်သွားပြီးတဲ့ ခင်ပွန်းက ချစ်သူအတွက် ဗယ်လင်တိုင်း ပန်းစီးပို့ "
Labels:
ချစ်မှုရေးရာ,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment