Friday, February 13, 2015

" ချစ်သူများနေ့နဲ့ ပတ်သက်လို့ သင် မသိနိုင်သေးတဲ့ ၁၀ ချက် "

" ချစ်သူများနေ့နဲ့ ပတ်သက်လို့ သင် မသိနိုင်သေးတဲ့ ၁၀ ချက် "

ချစ်သူများနေ့လို့ မြန်မာလိုခေါ်ဝေါ်ကြတဲ့ Valentine's Day နဲ့ ပတ်သက်ပြီး ပရိသတ်ကြီး မသိထားနိုင်သေးတဲ့ အချက် ၁၀ ချက်ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ Valentine's Day မှာ ချစ်သူနဲ့အတူ ပျော်ရွှင်နိုင်ပါစေ။

၁။ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး အမှတ်တရ နှုတ်ခွန်းဆက်ကတ်ပြားလေးတွေ ဖန်တီးထုတ်လုပ်တဲ့ Hallmark က ၁၉၁၃ ခုနှစ်အထိ Valentine's Day အတွက် အမှတ်တရကတ်ပြား ထုတ်လုပ်ခဲ့ခြင်း မရှိပါဘူး။ Valentine's Day ကို အားလပ်ရက်အဖြစ် ပထမဆုံး တရားဝင်သတ်မှတ်ခဲ့တဲ့ ၁၅၃၇ ခုနှစ် နောက်ပိုင်း နှစ်ပေါင်း ရာနဲ့ချီပြီးမှသာ Hallmark က Valentine's Day အမှတ်တရ ကတ်ပြားတွေ စတင်ထုတ်လုပ်ခဲ့တာပါ…


၂။ အလယ်ခေတ်တုန်းက Valentin's Day မှာ ချစ်ရေးဆိုသူကို စောင့်မျှော်လေ့ရှိတဲ့ အမျိုးသမီးတွေဟာ ညဘက်မှာ ထူးထူးဆန်းဆန်း အစီအမံတွေ လုပ်ထားတဲ့ အစားအစာတွေ စားလေ့ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ညအိပ်တဲ့အခါ နောက်တစ်နေ့ Valentine's Day မှာ သူတို့ကို ချစ်ရေးဆိုလာမယ့်သူကို အိပ်မက်ထဲမှာ တွေ့နိုင်အောင်လို့ပါတဲ့…


၃။ Valentine's Day မှာ ချစ်သူနဲ့ အတူမရှိနေခဲ့ရင် ဖုန်ဆက်ပြီး အမှတ်တရ ချစ်စကားလေးတွ ပြောနိုင်ပါတယ်။ အဲဒီအတွက်တော့ အလက်ဇန်းဒါး ဂရေဟမ်ဘဲလ်ကို ကျေးဇူးတင်ရမှာပါ။ ပိုပြီး အမှတ်တရဖြစ်စေတာက ဂရေဟမ်ဘဲလ်ဟာ တယ်လီဖုန်း တီထွင်မှု မူပိုင်ခွင့် မှတ်ပုံတင်ခြင်းကို Valentine's Day ဖြစ်တဲ့ ၁၈၇၆ ခုနှစ် ဖေဖေါ်ဝါရီ ၁၄ ရက်မှာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်…


၎။ Valentine's Day သင်္ကေတတစ်ခုပမာ ဖြစ်နေတဲ့ အသဲပုံသဏ္ဍန် ဘူးလေးတွေကိုတော့ ၁၈၂၂ ခုနှစ်မှာ ချောကလက်ထုတ်လုပ်တဲ့ လုပ်ငန်းရှင် အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်က ဂျွန်ကတ်ဒ်ဘူရီရဲ့ သားဖြစ်သူ ရစ်ချတ် ကတ်ဒ်ဘူရီက တီထွင်ခဲ့တာဖြစ်ပါတယ်။ ရစ်ချတ်က သူ့ဖခင် ထုတ်လုပ်တဲ့ ချောကလက်လေးတွေ ထည့်ဖို့အတွက် အသဲပုံသဏ္ဍန် ဘူးလေးတွေကို ပထမဆုံး ဖန်တီးခဲ့ပြီး အခုအခါမှာတော့ အသဲပုံသဏ္ဍန် ချောကလက်ဘူးလေးတွေဟာ Valentine's Day ရဲ့ အဓိက သင်္ကေတတစ်ခုပါပဲ…


၅။ Valentines's Day မှာ ချောကလက် လက်ဆောင်ပေးကြတာ ချစ်သူတွေကြား အထင်ရှားဆုံး အလေ့အထပါ။ ဒါပေမယ့် ချောကလက်ကို တစ်ချိန်က ဆရာဝန်တွေ ဘယ်လို အသုံးပြုခဲ့သလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ ၁၈၀၀ ပြည့်နှစ်တွေမှာ ဆရာဝန်တွေဟာ ချစ်ကံခေပြီး အသဲကွဲဝေဒနာ ခံစားနေရသူတွေကို ချောကလက်စားခိုင်တယ်လို့ ဆိုပါတယ်…


၆။ ချစ်သူတွေကြား ပေးလေ့ရှိကြတဲ့ Valentine's Day အမှတ်တရ စာတွေ၊ ကဗျာတွေထဲမှာတော့ နယူးအော်လန်းစ် မြို့စားက သူအဖမ်းခံနေရစဉ် ၁၄၁၅ ခုနှစ်မှာ သူ့ဇနီးထံကို ရေးသားပေးပို့ခဲ့တဲ့ အချစ်ကဗျာဖြစ်တယ်လို့ မှတ်တမ်းတင်ထားပါတယ်…


၇။ Valentine's Day ဟာ ဖယောင်းတိုင်လေးထွန်းပြီး ချစ်ကြည်နူးဖွယ်ရာ ညစာစားပွဲ ပြုလုပ်တာထက် ပိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ချစ်သူစုံတွဲတွေဟာ အဲဒီနေ့မှာ စေ့စပ်ကြောင်းလမ်းတာဖြစ်ဖြစ်၊ လက်ထပ်ထိမ်းမြားတာဖြစ်ဖြစ် အမှတ်တရ ပြုလုပ်လိုကြလေ့ရှိပါတယ်။ ဒါမှမဟုတ်ရင်လည်း ချစ်ရေးဆိုထားတာ၊ စေ့စေကြောင်းလမ်းဖို့ တောင်းဆိုထားတာ၊ လက်ထပ်ထိမ်းမြားဖို့ တောင်းဆိုထားတာကို အဖြေပေးလေ့ရှိပါသတဲ့။ ၂၀၁၃ ခုနှစ်တုန်းက ခန့်မှန်းခြေအားဖြင့် လူပေါင်း ၆ သန်းဟာ အဲဒီလိုလုပ်ဖို့ စီစဉ်ခဲ့ကြတယ်လို့ ဆိုပါတယ်…


၈။ Valentine's Day မှာ ချစ်သူတွေအချင်းချင်း စကားပြောကြတဲ့အခါ အသဲပုံသဏ္ဍန် ရောင်စုံသကြားလုံးလေးတွေ ငုံပြီး ပြောလေ့ရှိပါသတဲ့။ ခံတွင်းနံ့လေး သင်းနေစေအောင်လို့ပါ။ ဒီ အသဲပုံသဏ္ဍန် ရောင်စုံသကြားလုံးလေးတွေကိုတော့ ၁၈၆၆ ခုနှစ်မှာ ဒန်နီရယ်ချေ့စ် ဆိုသူက ဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အသဲပုံသကြားလုံးလေးတွေ ၈ သန်းကျော်နီးပါးအထိ နှစ်စဉ် ရောင်းချနေရပါတယ်…


၉။ အင်္ကျီလက်ပေါ်မှာ အသဲပုံလေး တပ်ဆင်ထားလေ့ရှိတာကလည်း Valentine's Day ရဲ့ အလေ့အထတစ်ခုပါ။ ကိုယ့်ချစ်သူနာမည်ရေးထားတဲ့ အသဲပုံစက္ကူလေးကို အင်္ကျီလက်ပေါ်မှာ တစ်ပတ်ကြာတဲ့အထိ ထိုးထားတဲ့ အလေ့အထဖြစ်ပါတယ်…


၁၀။ ဖူးစာရေးနတ်အဖြစ် ချစ်သူတွေကြား သိထားကြတဲ့ မြားနတ်မောင်လေးကတော့ မာကျူရီနတ်သားနဲ့ အချစ်နတ်သမီး ဗီးနပ်စ်တို့ရဲ့ သားဖြစ်ပါတယ်။ မြားနတ်မောင်ကို လေးနဲ့မြားကိုင်ထားတဲ့ ဝဝကစ်ကစ် ကလေးကောင်းကင် တမန် ပုံစံမျိုး ရေးဆွဲသရုပ်ဖော်လေ့ရှိပါတယ်…

Mizzima


No comments:

Post a Comment