နေ့သစ်တစ်နေ့ကိုရောက်တဲ့အခါတိုင်းမှာ
ပထမဆုံး ပြုံးပြနိုင်အောင် ကြိုးစားလိုက်ပါ။
အမှောင်ရိပ်ထဲရောက်နေချိန်မှာ
ပထမဆုံး မီးထွန်းပေးနိုင်အောင် ကြိုးစားလိုက်ပါ။
မတရားမှုတွေ များနေတဲ့နေရာကို ရောက်နေချိန်မှာ ပထမဆုံး တရားမျှတမှုကို လိုက်နာနိုင်အောင် ကြိုးစားပေးလိုက်ပါ။
လောကဓံရဲ့ ထိုးနှက်ချက်တွေကြောင့်လဲကျသွားချိန်မှာ
ပထမဆုံး ပြန်ထနိုင်အောင် ကြိုးစားလိုက်ပါ။
တစ်စုံတစ်ယောက် နာကျင်ဒုက္ခရောက်နေချိန်မှာ ပထမဆုံး စာနာစိတ်ထားနိုင်အောင် ကြိုးစားလိုက်ပါ။
တခြားသူတွေက ကိုယ့်ကို အနှောင့်အယှက်ပေးလာတဲ့အခါမှာ
ပထမဆုံး ခွင့်လွတ်နိုင်အောင်ကြိုးစားလိုက်ပါ။
ပျော်ရွှင်နေချိန်မှာ တခြားသူတွေကိုလည်း သင့်လို အောင်မြင်ပျော်ရွှင်အောင် ကူညီပေးဖို့ ကြိုးစားလိုက်ပါ။
ဘ၀ရဲ့ နေ့ရက်တိုင်းကို
အကောင်းဆုံးသော ကြိုးစားခြင်းနဲ့ ဖြတ်သန်းလိုက်ပါ။
ငြိမ်းလဲ့ မြရိပ်
Monday, February 16, 2015
ကြိုးစားပါ
Labels:
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment