" အိပ်မက်ကို ထိန်းချုပ်လို့ ရမယ့် ခေါင်းပတ် "
Aurora headband လို့ အမည်ရတဲ့ ခေါင်းပတ်ဟာ မိမိရဲ့ အိမ်မက်ကို ထိန်းချုပ်နိုင်စေမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီတုန်းက စတင် မိတ်ဆက်ခဲ့ပြီး ရုပ်ရှင် Inception ထဲက ပစ္စည်းများ တကယ်ဖြစ်လာပြီလို့တောင် နာမည်ကြီးသွားခဲ့ပါတယ်။
သူက ဘယ်လို အလုပ်လုပ်သလဲဆို ဦးနှောက်ရဲ့ လှုပ်ရှားမှုနဲ့ မျက်လုံးရဲ့ လှုပ်ရှားမှုကို အာရုံခံပါမယ်။ ယင်းလှိုင်းလှုပ်ရှားမှုကို စောင့်ကြည့်နေပြီး Rapid eye movement (REM) Stage ကို ရောက်ရှိပြီ ဆိုရင် သူက အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ အိပ်မက်ဆိုး မက်နေသူ တစ်ဦးရဲ့ Brain wave နဲ့ မျက်လုံး လှုပ်ရှားမှုကို တိုင်းတာထားပြီး အကယ်၍ အိပ်မက်ဆိုးပြီ ဆိုရင် အလင်းရောင်ထုတ်ပေးပါတယ်။ ယင်း အလင်းရောင်က အိပ်ပျော်နေသူကို နိုးသွားစေမှာ မဟုတ်ပဲ ဒါဟာ အိပ်မက်တစ်ခုသာ ဖြစ်ကြောင်း အသိပေးနိုင်မယ့် wave တစ်ခုဖြစ်ပြီး အိပ်ပျော်နေသူကို မနိုးစေပါဘူး။
ဒါကြောင့်မို့ မိမိဟာ အိပ်မက်ထဲမှာ ရှိနေတာကို သိရှိပြီး အိပ်မက်ဆိုးကနေ ပြန်လည် ရုန်းထွက်နိုင်မှာ ဖြစ်ပါတယ်။ အိပ်မက်ဆိုးတင်မက စိတ်လှုပ်ရှားမှု ကြီးကြီးမားမား ပေးတဲ့ အိပ်မက်တိုင်းကို ဖြစ်ပါတယ်။ ဈေးကွက်ကို ထုတ်ရောင်းဖို့ ရည်ရွယ်တဲ့ Aurora headband ကို ပိုလို့ အဆင့်မြင့်အောင် လုပ်နေပါပြီ။ ယင်းကတော့ အိပ်မက်ထဲကို စဝင်တာနဲ့ အိပ်မက်မှန်း သိစေမယ့် ပစ္စည်း ဖြစ်ပါတယ်။
နောက်ထပ် ခြေလှမ်းက ပိုကြီးပါတယ်။ YouTube နဲ့ အပြိုင် ပေါ်လာမယ့် DreamTube ဖြစ်ပါတယ်။ သူက မိမိမက်ထားတဲ့ အိပ်မက်များကို ဗီဒီယို recording ပြုလုပ်ထားပေးပြီး DreamTube ပေါ်မှာ ပြန်တင်ပြီးတော့ မျှဝေနိုင်ပါတယ်။ ဒီတော့ အနာဂတ်မှာ ရုပ်ရှင်တွေကို အစားထိုးမယ့် သိပ္ဗံရုပ်ရှင်ဇာတ်ကားများ၊ သည်းထိတ်ရင်ဖို ဇာတ်ကားကို အစားထိုးမယ့် အရာများ အပြင် ဘယ်လို ဇာတ်ကားများ ထွက်ရှိလာမလဲဆိုတာ အတော်လေး စိတ်ဝင်စားနေကြပါတယ်။ အမေရိကန်မှ တီထွင်သူများက ယင်း စက်ပစ္စည်းကို ၂၀၁၅ ခုနှစ်မှာ ထွက်ရှိနိုင်မှာ ဖြစ်ကြောင်း ပြောဆိုခဲ့ ပါတယ်။
Ref: foxnews
အောင်ခမ်း (ရိုးရာလေး)
Monday, February 16, 2015
" အိပ်မက်ကို ထိန်းချုပ်လို့ ရမယ့် ခေါင်းပတ် "
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment