" ဝေးရာကို ပြေးနေတဲ့သူ "
- လိုချင်ခင်မင်တတ်တဲ့ တဏှာ၊
- အထင်အမြင်လွဲမှားမှု ဒိဋ္ဌိ နဲ့
- ကိုယ်ကသူ့ထက် သာတယ်လို့ ထင်တတ်တဲ့ မာနတို့ဟာ
သံသရာဝဋ်ဆင်းရဲကနေ
မလွတ်ကျွတ်နိုင်အောင်
ချည်နှောင်ထားရုံ မကပါဘူး။
ဆင်းရဲ သံသရာနယ်ပယ်ကိုလည်း
ကျယ်သထက်ကျယ်အောင်
ချဲ့ထွင်ပေးတတ်ကြပါတယ်။
ဒီသုံးမျိုးရှိနေသူဟာ
ကိုယ့်ဒုက္ခနယ်ကို
ကိုယ်ချဲ့နေတာနဲ့ တူပါတယ်။
ကောင်းမြတ်မှန်ကန်တဲ့ တရားတွေနဲ့
ဝေးရာကို ပြေးနေတာနဲ့ တူပါတယ်။
(ဓမ္မဒူတ ဒေါက်တာ အရှင်ပညိသာရ)
No comments:
Post a Comment