Monday, February 9, 2015

" ချစ်သူကောင်လေးက သင့်ကိုပစ်ချင်သောအခါ... "

" ချစ်သူကောင်လေးက သင့်ကိုပစ်ချင်သောအခါ... "

ကောင်လေးက သင့်ကို အဆက်အသွယ် ဖြတ်ချင်တဲ့အခါ ပြုမူတတ်တဲ့အပြုအမူတွေကို ရိပ်မိဖို့ မလွယ်ကူလှပါဘူး။ ဒါပေမယ့် သင့် ကောင်လေးက သင့်အပေါ်မှာ အာရုံစူးစိုက်မှု နည်းလာမယ်။ သင့်မျက်နှာအမူအရာနဲ့ စိတ်နေစိတ်ထားကို လစ်လျူရှုလာတယ်လို့ ထင်လာတဲ့အခါ ကတောက်ကဆဖြစ်တာတွေများလာပြီး နားလည်မှုတွေ လွဲလာတတ်သလို တစ်ကယ်ချစ်တဲ့ စုံတွဲတွေကတော့ နားလည်မှုပြန်ရယူပြီး အဆက်ဖြတ်ချင်တဲ့ အတွဲတွေကတော့ လမ်းခွဲဖို့ဆုံးဖြတ်ကြပါတယ်။ ဒါကြောင့် သင့်ကောင်လေးဘက်က သင့်ကိုလမ်းခွဲချင်တဲ့ အပြုအမူမျိုးတွေပြလာတဲ့အခါ အပွင့်လင်းဆုံးပြောပြီး ကိုယ့်ဘက်ကအရင် အဆက်ဖြတ်လိုက်ပါ။ သင့်အနေနဲ့ သူ့ထက်ထိုက်တန်တဲ့ အဖော်မွန်ကောင်း တစ်ယောက်ကို နေရာပေးလိုက်ပါ။ သင့်အချစ်တွေဟာ သင့်ကို လွယ်လွယ်နဲ့သံယောဇဉ်ဖြတ်တတ်တဲ့ ယောက်ျားတစ်ယောက်ထက် ပိုတန်ဖိုးရှိပါတယ်။

ဒါဆိုသင့်ကို လမ်းခွဲချင်တဲ့အခါ ဘယ်လို အပြုအမူတွေလုပ်ပြတတ်လဲ

၁. သင့် အပြစ်တွေကို မြင်လာမယ်။ သင့်ကို အပြစ်တွေတင်လာမယ်။

သင်နဲ့ ချစ်ခါစက သူ့ရဲ့အပြုအမူတွေကို သင် အမှတ်ရနေသေးတယ်မလား။ အဲဒီအပြုအမူတွေကို တသသနဲ့ နှမြောနေတယ်လို့ခံစားနေရရင် ဒါဟာ သင်နဲ့ သင့်ချစ်သူကြားက သတိပြုမိစရာ အချက်ကလေးတစ်ခုဖြစ်လာပါပြီ။ အဲဒီကမှ တစ်ဆင့်တက်ပြီး သူ အဆင်မပြေတဲ့အခါတိုင်း သင့်အပြစ်တွေကြောင့်လို့မြင်လာလိမ့်မယ်။ သင့်ကို တစ်နည်းမဟုတ်တစ်နည်း အပြစ်တွေတင်နေလိမ့်မယ်။ အလုပ်မှအဆင်မပြေလာတဲ့အခါတိုင်းလည်း သင့်အပြစ်၊ အစားအသောက်အဆင်မပြေတော့လည်း သင့်အပြစ် အချိန်နဲ့အမျှ သင့်အပြစ်တွေကို ရှာကြံမြင်လာတတ်တဲ့အခါ သူတင်နေတဲ့ သင့်အပြစ်တွေကို လက်ခံမယူပါနဲ့။ သူနဲ့ အဆက်သွယ်ဖြတ်လိုက်ပါ။

၂. နှစ်ဦးသား အနာဂတ်ကို မတွေးတော့ဘူး

သင်က အနာဂတ်အကြောင်း စကားဆက်လိုက်တဲ့အခါ ရေရေရာရာပြန်မပြောနိုင်ဘူး စကားလမ်းကြောင်း လွှဲမယ်ဆိုရင် ဒါဟာလည်း သတိပြုရမယ့်အချက်ပါပဲ။ သင်တို့နှစ်ယောက်ရဲ့ အနာဂတ်အကြောင်း ဆွေးနွေးကြည့်လိုက်ပါ။ သူ့အမူအရာကို သတိထားကြည့်လိုက်ပါ။ အားတက်သရော ဆွေးနွေးခန်းထဲ ပါလာမယ်ဆိုရင်တော့ ပြဿနာမရှိပေမယ့် သူ့အမူအရာတွေဟာ အေးစက်စက်ဖြစ်နေမယ် မရေမရာစကားတွေပြောပြီး ရောချနေမယ်ဆိုရင် လမ်းခွဲဖို့အကြောင်းစတစ်ခုပါပဲ။ ပိုဆိုးတာက အဲဒီအကြောင်း စလိုက်တာနဲ့ စကားလမ်းကြောင်း လွှဲလိုက်ပြီဆိုရင်တော့ စဉ်းစားမနေပါနဲ့တော့ သူဟာ သင့်အနာဂတ်အတွက် မှန်ကန်တဲ့ လူမဟုတ်တော့ပါဘူး။

၃. သင့်အမေးစကားတွေကို စိတ်မရှည်တော့ဘူး

အမျိုးသားတွေက များသောအားဖြင့် စကားများကြတဲ့ လူမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့စကားနည်းတာထက် ပိုနည်းနေပြီဆိုရင်တော့ တစ်ခုခုတော့မှားနေပါပြီ။ ယောက်ျားသားတွေဟာ အမျိုးသမီးတွေထက် စိတ်ရှည်တတ်တာကြောင့် မိမိချစ်သူက သင့်အပေါ်မှာ စိတ်ရှည်သည်းခံမှု လုံးဝမရှိတော့ရင်တော့ သင့်ဘက်ကလမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတော့။ သင့်ရဲ့ အမေးစကားလေး တစ်ခွန်းကိုတောင် စကားတစ်လုံးနှစ်လုံးလောက်နဲ့ ဖြတ်ချပြီး သင့်နဲ့စကားဆက်ဖို့ လစ်လျူရှုနေမယ်ဆိုရင်တော့ သင့်ကို လမ်းခွဲဖို့သေချာနေပါပြီ။

၎. သင့်ကိုဖုန်းခေါ်တဲ့ အကြိမ်ရေတွေလျော့လာမယ်

သင်တို့ တစ်အိမ်တည်းနေတာမဟုတ်ဘူးဆိုရင် ဒီအချက်က သတိထားရလွယ်ပါတယ်။ သင့်ထံ စာပို့တာလေးတွေနည်းလာမယ်။ သင့်ကို ဖုန်းခေါ်ဆိုတဲ့အကြိမ်ရေတွေ လျော့လာတယ်။ သင်တို့တစ်ယောက်နဲ့တစ်ယောက် အရင်တွေ့တဲ့အကြိမ်ရေထက် ပိုတိုးပြီးတွေ့နေရလို့ ဖုန်းခေါ်ဆိုမှုနှုန်းကေ လျာ့ကျသွားတာ ပြဿနာမရှိပေမယ့် သင်နဲ့လည်း ပုံမှန်အတိုင်းပဲ တွေ့နေတယ် ဒါမှမဟုတ် ပုံမှန်ထက်လျော့တွေ့တယ် ဖုန်းလည်း အရင်လို လှိုက်လှိုက်လှဲလှဲမခေါ်တော့ရင် သင့်ဘက်ကသူ့ကို ဖုန်းခေါ်တာတို့ သူ့ကိုအရင်အတိုင်းပြန်ဖြစ်လာဖို့ သူ့နောက်ကိုလိုက်နေတာမျိုးတွေ မလုပ်ပါနဲ့တော့ သူ့ကို လွတ်လပ်ခွင့်ပေးလိုက်ပါ။

၅. သင့်ကိုတွေ့နိုင်မယ့်အခွင့်အရေးကို လက်လွတ်ဆုံးရှုံးခံကြတယ်

သင့်နဲ့လက်တွဲဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားတဲ့ ယောက်ျားတစ်ယောက်ဟာ သင်နဲ့ အမြဲထိတွေ့နိုင်ဖို့အတွက် သူ့အချိန်တွေကို သက်သက် ချန်ထားပေးတတ်ကြပါတယ်။ သူ့မှာ အခြားအစီအစဉ်တွေ ရှိရင်တောင် ချင့်ချိန်ပြီး သင့်အတွက် ဦးစားပေးတတ်ကြပါတယ်။ သင်နဲ့လက်တွဲဖြုတ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ အမျိုးသားတစ်ယောက်ကတော့ သင့်နဲ့တွေ့နိုင်ဖို့ အခွင့်အရေးတွေကို တမင်အဆုံးရှုံးခံကြတယ်။ အကြောင်းအမျိုးမျိုးပြကြတယ်။ ဒါဟာလည်း သင့်ကို သူ့ဘဝထဲမှာ မထားချင်တဲ့အဓိကအကြောင်းဖြစ်နေလို့ သင်ကအရင် အဆက်ဖြတ်ဖို့ဝန်မလေးပါနဲ့။

၆. သင်နဲ့နေတဲ့အခါ မျက်မှောင်ကျုံ့ပြီး မပျော်ရွှင်ကြောင်း အမူအယာနဲ့ ပြလာတတ်တယ်

သူ့ သူငယ်ချင်းတွေနဲ့ရှိနေတဲ့အခါ သူကပျော်ရွှင်နေတယ်မလား။ ဒါပေမယ့် သင်နဲ့ကျ မျက်မှောင်ကျုံ့တတ်နေပြီ။ သက်တောင့်သက်သာ မနေတတ်တော့ဘူး။ စူဆောင့်အောင့်နေပြီ ဆိုရင်တော့ သူ့ရဲ့အမူအယာတွေကို အနီးကပ် လေ့လာလိုက်ပါတော့။ အကယ်၍ သင်နဲ့နေမှ ဒီအမူအယာတွေ ပြလာတတ်ပြီဆိုရင်တော့ သင်နဲ့လက်တွဲရတာ မပျော်လို့ဖြစ်ပါတယ်။ မစဉ်းစားပါနဲ့တော့ ကိုယ်နဲ့နေရတာ မပျော်တဲ့သူအတွက် လမ်းခွဲပေးလိုက်ပါ။

Credit:SK Herbal Myanmar


No comments:

Post a Comment