"စက်ရုံအလုပ်သမ ဘ၀ကနေ ဘီလီယံနာ ဖြစ်လာသူ"
ကြိုးစားလိုစိတ် ရှိသူတွေအတွက် ဘ၀ဆိုတာ စိတ်ကူးထဲကလိုမျိုး ဖြစ်သွားတဲ့ သာဓကတွေ အများကြီး ရှိပါတယ်။ တရုတ်နိုင်ငံက အမျိုးသမီး တစ်ဦးဟာ စက်ရုံအလုပ်သမား ဘ၀ကနေ ဘီလီယံနာ သူဋ္ဌေးတစ်ဦးအဖြစ် ရောက်ရှိလာခြင်း နောက်ကွယ်မှာ ကြိုးစား အားထုတ်မှုကြောင့်ဆိုတာ ထင်ရှားနေပါတယ်။ အရင်က တစ်လကို ပေါင် (၁၀၀) လောက်သာ ၀င်ငွေရှိခဲ့ပေမယ့် လက်ရှိ အချိန်မှာတော့ ချမ်းသာကြွယ်ဝမှုက ပေါင်(၄ ဒသမ ၉) ဘီလီယံအထိ ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီ အမျိုးသမီး အမည်ကတော့ Zhou Qunfei ဖြစ်ပါတယ်။
အသက် (၄၅) နှစ်အရွယ် Zhou Qunfei ဟာ ငယ်စဉ်က အလွန်ဆင်းရဲတဲ့ ဒေသမှာ နေထိုင်ခဲ့ပြီး အသက် (၅) နှစ်အရွယ်မှာ မိခင်ဖြစ်သူ သေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူကလည်း မျက်မမြင်တစ်ဦး ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ နေအိမ်ကို စွန့်ခွာပြီး ရှန်ဇီဒေသရှိ မှန်စက်ရုံမှာ အလုပ်လုပ်ခဲ့ပါတယ်။ ရရှိလာတဲ့ လုပ်အားခတွေကို နေအိမ်ကို ပြန်ပို့ပြီး ဘ၀ကိုရုန်းကန်ခဲ့ပါတယ်။ နာရီမှန်တွေ ထုတ်လုပ်တဲ့နေရာမှာ အလုပ်လုပ်ခဲ့တာ ဖြစ်ပြီး (၃) လ အကြာမှာ ထွက်စာတင်ခဲ့ပါတယ်။ ဒီထွက်စာဟာ ဘ၀ကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။ စက်ရုံ တာဝန်ရှိသူတွေက ၀န်ထမ်းကောင်းတစ်ဦး မဆုံးရှုံးလိုတာကြောင့် Zhou Qunfei ကို ရာထူးတိုးပေးခဲ့ ပါတယ်။
ဒီနောက် စက်ရုံမှာ အရေးပါတဲ့သူ ဖြစ်လာခဲ့ပါတယ်။ ၁၉၉၃၊ အသက် (၂၂) နှစ် အရွယ်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု တည်ထောင်ခဲ့ပါတယ်။ Zhou Qunfei ဟာ ပိန်းကြာရွက်မှာ ရေမတင်တာကို ကြည့်ပြီး စိတ်ကူးတစ်မျိုးရကာ မှန်တွေကို အကောင်းဆုံး ဖြစ်အောင် ပြုလုပ်နိုင်ခဲ့ ပါတယ်။ လက်ရှိ အိုင်ဖုန်းတွေမှာ တပ်ဆင်ထားတဲ့ မှန်တွေပာာ Zhou Qunfei စက်ရုံက ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ မိုဘိုင်းဖုန်းတွေရဲ့ မှန်တွေကိုလည်း ပြုလုပ်ပေးနေပါတယ်။ Zhou Qunfei ရဲ့ ကုမ္ပဏီဟာ တဖြည်းဖြည်း အင်အား ကြီးလာခဲ့ပါတယ်။
မတ် (၁၈) ရက်မှာ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ Zhou Qunfei ချမ်းသာကြွယ်ဝမှုက ပေါင် (၄ ဒသမ ၉) ဘီလီယံ အထိရှိတာကြောင့် တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံး အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၁၀) နှစ် အတွင်း တရုတ်နိုင်ငံမှာ ဘီလီယံနာတွေ ပေါ်ထွက်လာရာမှာ Zhou Qunfei လည်း အပါအ၀င် ဖြစ်ခဲ့ပါတယ်။ Zhou Qunfei ဟာ ငယ်စဉ်က သင်ကြားပေးခဲ့တဲ့ ဆရာတွေရဲ့စကားကို အမြဲတမ်း နားထောင်ကာ ချမ်းသာကြွယ်ဝသူ ဖြစ်အောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ စက်ရုံအလုပ်သမ ဘ၀ကနေ ဘီလီယံနာ ဖြစ်လာအောင် ပြုလုပ်နိုင်ခဲ့တဲ့ Zhou Qunfei ဘ၀ဟာ ခက်ခဲမှုတွေ ရှိခဲ့ပေမယ့် အားလုံးအတွက် လေးစား အားကျစရာ ဖြစ်ခဲ့ပါတယ်။
Credit : messenger
lutawlupyaw
No comments:
Post a Comment