Sunday, April 12, 2015

ချစ်သူတွေရဲ့တစ်ထောင့်တစ်ညပုံပြင်တွေထဲမှာ

ချစ်သူတွေရဲ့တစ်ထောင့်တစ်ညပုံပြင်တွေထဲမှာ
မိုးလင်းတိုင်း ထတော့ အိပ်ပုတ်ကလေးလို့ နှိုးခဲ့ဖူးတာလေးတွေပါတယ်

ချစ်သူတွေရဲ့ အလွမ်းဒဏ္ဍာရီတွေထဲမှာ
ဖုန်းချခါနီးတိုင်း ချစ်တယ်လို့ အကျယ်ကြီးပြောခိုင်းတာတွေပါတယ်

ချစ်သူတွေရဲ့ တစ်ခန်းရပ် ပြဇာတ်တွေထဲမှာ
စိတ်ကောက်တဲ့အခါတိုင်း နင်နဲ့ငါနဲ့ ပြောပြီး
ပြန်ခေါ်ဖြစ်ကျတဲ့အခါတိုင်း နောက်တခါ အဲလိုမပြောကြေးဆိုတဲ့ ကတိစကားတွေပါတယ်

လွမ်းတဲ့အခါတိုင်း ဖုန်းဆက်ကျသလို
သတိရတဲ့အချိန်တိုင်းလည်း ဖုန်းလာမလားဆိုပြီး မျှော်လင့်တက်ကြတယ်

တခါတလေ ကိုယ်စိတ်ညစ်ရင် အားငယ်နေတဲ့ စိတ်ကို ပြန်အားတင်းဖို့ သူပို့ထားတဲ့ မက်ဆေခ်ျ့လေးတွေ ပြန်ဖတ်ဖြစ်တယ်

ဘာရယ်မဟုတ်ပါဘူး ရင်ထဲက ထုတ်မပြောပေမဲ့
နင်သိစေချင်တဲ့ အကြောင်းလေးတွေတော့ အချိန်တိုင်းရှိနေတက်တယ်ဆိုတာ
နင်မေ့နေမှာစိုးတယ်ဟာ

~ပုံရိပ်စစ်~



Lutaw Lupyaw

No comments:

Post a Comment