Monday, April 13, 2015

"တုံးအတဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ယောက်ျား"

"တုံးအတဲ့ယောက်ျားနဲ့ ထက်မြက်တဲ့ယောက်ျား"

တုံးအတဲ့ယောက်ျားက နှစ်ဖက်မိဘတွေနဲ့ဆို လုံးဝမတည်းဘူး အမြဲဆန့်ကျင်ဘက်။
ထက်မြတ်တဲ့ယောက်ျားကတော့ ယောကွမကို မိဘရင်းသဖွယ် ပြုစုစောင့်ရှောက်တဲ့အပြင် နှစ်ဖက်အသိုင်းအ၀ိုင်းရဲ့ အေးမြတဲ့အရိပ်ကြီးသဖွယ် စွမ်းဆောင်နိုင်တယ်...။

တုံးအတဲ့ယောက်ျားက မိန်းမကို အသာစီးရချင်တယ်။ ထက်မြက်တဲ့ ယောက်ျားက မိန်းမအပေါ် သဘောထား ကြီး အလျှော့ပေးတတ်တယ် ..

တုံးအတဲ့ယောက်ျားက မိန်းမရဲ့ အားနည်းချက်တွေကို မြင်တိုင်း စိတ်ပျက်လွယ်တယ် .. ထက်မြက်တဲ့ယောက်ျားက မိန်းမရဲ့ အရည်အချင်းကို ရှာကြံ အသိအမှတ်ပြု ချီးမွမ်း တတ်တယ် ...

တုံးအတဲ့ယောက်ျားက မိန်းမနဲ့ အချိန်နေရာ မခွဲဘဲ ငြင်းခုံ ရန်ဖြစ်တယ် .. လူပုံ အလယ်မှာ မိန်းမကို မျက်နှာသာမဲ့စေတယ် ...
ထက်မြက်တဲ့ယောက်ျားက လူပုံအလယ်မှာ မိန်းမကို မျက်နှာသာ ရစေတယ် .. ဆုံးမ ပြောဆိုစရာရှိရင် နှစ်ကိုယ်ကြားသာ ပြောဆိုတယ် ...

တုံးအတဲ့ယောက်ျားက မိတ်ဆွေအပေါင်းအသင်း တွေက "မယားကြောက်" လို့ ခနဲ့တာကို မခံနိုင်ဘဲ မိန်းမအပေါ် နိုင်စားပြ ချင်တယ် .. ကိုယ့်ဘဝ လက်တွဲဖော်ဟာ ကိုယ့်မိန်းမသာ ဖြစ်တယ်ဆိုတာ သူမေ့နေလို့ဖြစ်မယ် ..
ထက်မြက်တဲ့ယောက်ျားကတော့ အပေါင်းအသင်းတွေက ခနဲ့ရင်တောင် ဂရုမစိုက်ဘဲ ယုယမြဲ ယုယတယ် .. ကိုယ့်ဘဝအတွက် ဆိုးတူကောင်းဖက်ဟာ ကိုယ့်မိန်းမဘဲလို့ သူနားလည်လို့ဖြစ်တယ် ..

တုံးအတဲ့ယောက်ျားက မိန်းမရဲ့ အတိတ်ဟောင်းကို ခဏခဏ တူးဆွပြီး ပြဿနာ ရှာတယ် ..
ထက်မြက်တဲ့ယောက်ျားက မိန်းမနဲ့အတူ ပျော်ရွှင်သာယာတဲ့ အနာဂတ် ဖန်တီးဖို့ပဲ ကြိုးစားတယ် ...

တုံးအတဲ့ ယောက်ျားက မိန်းမရဲ့အမှားကို အသေဆုပ်ကိုင်ပြီး နိုင်ကွက်အဖြစ် အသုံးချတယ် ..
ထက်မြက် တဲ့ယောက်ျား က မိန်းမရဲ့အမှားကို ခွင့်လွှတ်ပြီး မေတ္တာနဲ့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတယ်.

တုံးအတဲ့ယောက်ျားက "နင်ထွက်သွား မသွားရင် ငါသွားမယ်" လို့ဆိုတယ် ..
ထက်မြက် တဲ့ယောက်ျားက "ငါတို့ ဘယ်တော့မှ ဘာအကြောင်းနဲ့မှ မခွဲကြဘူး" လို့ ဆိုတယ် ...

တုံးအတဲ့ယောက်ျားက မိန်းမကို သဝန်တို ချုပ်ချယ်တယ် ..
ထက်မြက်တဲ့ယောက်ျားက မိန်းမကို ယုံကြည်မှုပေးပြီး ချစ်မေတ္တာနဲ့ စိတ်အေးလက်အေး ချည်နှောင်ထားတယ် ..

တုံးအတဲ့ယောက်ျားက ကိုယ်တော် ကိုယ်တတ်ကြောင်းသာ ဦးစားပေး အလေးထားတယ်
ထက်မြက်တဲ့ယောက်ျားက မိန်းမဆီက ကိုယ်မသိသေးတာတွေကို လေ့လာသင်ယူတယ် ...

တုံးအတဲ့ယောက်ျားက မိန်းမ ကိုယ့်အနားက တစ်ဖဝါးမှမခွာရင် စိတ်ကျဉ်းကျပ် မောင်းထုတ်တယ်..
ထက်မြက်တဲ့ယောက်ျားက ဘုရားသွား ကျောင်းတက် တူစုံမောင်နှံ တတွဲတွဲ သွားလာရတာကို ပီတိဖြစ်တတ်တယ် ဂုဏ်ယူတတ်တယ် ..

တုံးအတဲ့ယောက်ျားက စီးပွားသာရှာပြီး မိန်းမအပေါ် ယုယကြင်နာမှု ပေးရမှာ ပျင်းတယ် အပိုအလုပ်လို့ ယူဆတယ် ..
ထက်မြက်တဲ့ယောက်ျားက စီးပွားလဲရှာတယ် မိန်းမအပေါ် ယုယကြင်နာမှု ပေးတယ် ..

တုံးအတဲ့ယောက်ျားက မိန်းမကို စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှု တွေပေးတယ် ..
ထက်မြက်တဲ့ယောက်ျားက မိန်းမကို စိတ်အားထက်သန်မှုနဲ့ ပျော်ရွှင်မှု ကိုပေးတယ် ..

တုံးအတဲ့ယောက်ျားက သူ့ရဲ့ဇာတ်ရှုပ်တွေ ဖောက်ပြန်မှုတွေနဲ့ မိန်းမကို မျက်ရည်ကျစေတယ် ..
ထက်မြက်တဲ့ယောက်ျားက အောင်မြင်တဲ့ မိသားစုဘဝကို တည်ဆောက်ပြီး မိန်းမကို ပြုံးရယ်စေတယ် ..

Golden Land Myanmar & Nann Phwekhamlao



Lutaw Lupyaw

No comments:

Post a Comment