"ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့တဲ့ အခွံတွေပါတဲ့ အစားအစာတွေကို သတိပြုပြီး စားသုံးသင့်"
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ သူငယ်ချင်း အပေါင်းအသင်း မိဘ ဆွေမျိုးတွေနဲ့ အတူ အနောက်တိုင်း စားသောက်ဆိုင်တွေ ရောက်ဖြစ်တဲ့ အခါ ပုဇွန်၊ ဂဏန်း၊ ငါး အဲဒါတွေအကုန် ပါဝင်တဲ့ ပင်လယ်စာ ခပ်ကြီးကြီး တစ်ပွဲနဲ့ အတူ ၀ိုင်သောက်တတ်တဲ့ သူက၀ိုင်၊ ၀ိုင်မသောက် တတ်တဲ့ သူတွေ အတွက် Vitamin C ပါဝင်တဲ့ Orange Juice လို ဖျော်ရည်မျိုးကို တွဲဖက်ပြီး စားသုံးခဲ့ကြဖူးပါတယ်။ အဲ့ဒီလိုပဲ တစ်ချို့ တရုတ်မင်္ဂလာဆောင်တွေ ညစာစားပွဲတွေမှာ ဘူဖေးကျွေးတဲ့အခါ ပုဇွန် တစ်ပန်းကန်နဲ့အတူ Orange Juice တစ်မျိုးကတော့ ပါဝင်မှာ သေချာပါတယ်။ ဒီလိုတွဲဘက် စားသုံးမှုမျိုးဟာ ဘာမှ မထူးဆန်းတဲ့ အလွန်ကို ဘေးကင်းတဲ့ ရိုးရှင်းမှုလေးလို့ ကျွန်တော်တို့ ထင်ခဲ့ကြပါတယ်။ တကယ်တော့ ပုဇွန်လို ပါးလွှာတဲ့ အခွံပါးလေးတွေပါတဲ့ ပင်လယ်စာမျိုးနဲ့ Vitamin C ပါဝင်တဲ့ Orange Juice ကို တစ်ချိန်ထဲမှာ တွဲဘက် စားသုံးတဲ့အခါ အခန့်မသင့်ရင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရကြောင်း ကျွန်တော်တို့ အခုသိခဲ့ရပါပြီ။
ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့နား၊ နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။
သူမရဲ့ရုပ်ကလာပ်ကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic အဆိပ်သင့်လို့ သေဆုံးရကြောင်း အဖြေထွက်လာပါတယ်။ အဲဒီ Arsenic အဆိပ်ဟာ ဘယ်က လာပါသလဲ။ ရဲတွေဟာ သေမှု့သေခင်းဖွင့်ပြီး အပြင်းအထန် စစ်ဆေးမှုတွေ လုပ်ပါတော့တယ်။
ဆေးတက္ကသိုလ် တစ်ခုရဲ့ ပါမောက္ခတစ်ဦးကိုလည်း ဒီပြဿနာကို ဖြေရှင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
ပါမောက္ခကြီးဟာ နာရီဝက်ခန့် သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အားလုံးကို သေသေချာချာ စစ်ဆေးပြီးနောက်မှာတော့ ဒီလျှိ့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ သတိလတ်လွတ် ဖြစ်မှု့ကြောင့် မတော်တဆ သေဆုံးခဲ့ရတာပါလို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။
“ဘာကြောင့် မတော်တဆ သေဆုံးရတာလဲ” ဆိုပြီး လူတွေဟာ အံ့သြကုန်ကြပါတယ်။ “Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီကို နေ့တိုင်း မှီဝဲခဲ့ပါတယ်၊ ဗီတာမင်စီဟာလည်း သူ့အလိုလိုဆို ပြဿနာ မရှိပါဘူး။ သူမဟာ ညစာစားချိန်မှာ ပုဇွန်တွေ တော်တော်များများ စားသုံးခဲ့ပါတယ်၊ ပုဇွန်စားတာကလည်း ပြဿနာ မဟုတ် သေးပါဘူး။ သူမနဲ့အတူတူ ညစာမှာ ပုဇွန်စားတဲ့ သူတွေလည်း ဘာမှ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ” လို့  ပါမောက္ခကြီးက ရှင်းပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို့ ပါးလွှာနူးညံ့တဲ့ အခွံတွေပါတဲ့ အစားအစာတွေမှာ သိပ်သည်းဆ မြင့်မားတဲ့ ပိုတက်ဆီယမ် အာဆင်းနစ်ဒြပ်ပေါင်း ၅ မျိုး ပါဝင်တာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။
အဲဒီလတ်ဆတ်တဲ့ အစားအစာတွေဟာ လူရဲ့ ခန္ဓာကိုယ်ကို ဘေးမဖြစ်စေပါဘူး။ ဒါပေမယ့် သူဟာ ဗီတာမင်စီနဲ့ ပေါင်းစပ်မိသွားရင်တော့ ဓါတ်ပြုမှုတွေ ဖြစ်လာပြီး မူလက အဆိပ်အတောက် မရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ်ဒြပ်ပေါင်း ၅ မျိုး (As anhydride, also known as arsenic oxide, the chemical formula for As205) ဟာ အဆိပ်ရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ်ဒြပ်ပေါင်း ၃ မျိုး (also known as arsenic trioxide, a chemical formula (As203), which is commonly known as arsenic to the public!) အဖြစ် ပြောင်းလဲသွားပါတယ်။
အာဆင်းနစ်အဆိပ်ရဲ့ အဓိပ္ပာယ်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာ အရေးအပါဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အူသိမ်နဲ့ အာရုံကြောတွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ် မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့် သေတဲ့လူတွေဟာ နား၊ နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးတွေကနေ သွေးထွက်တဲ့ လက္ခဏာတွေ ဖြစ်လာပါတယ်။
ဒါကြောင့် ပုဇွန်ကို ဗီတာမင်စီနဲ့ ပူးတွဲ မစားကြဖို့ သတိပေးထားပါတယ်။ ။ ။ ။
(seafood ကြိုက်တတ်တဲ့ သူငယ်ချင်းများ ဒါလေးသေချာဖတ်ကြည့်ကြပါ။ သတိထားနိုင်အောင်ပေါ့။ ဖတ်ပြီးရင် မိတ်ဆွေတွေကိုလည်း တတ်နိုင်သလောက် share ပေးကြပါနော်)
(မြ၀တီ)
Lutaw Lupyaw
No comments:
Post a Comment