Wednesday, April 29, 2015

"ကောင်မလေးဘက်က ကောင်လေးကို ချစ်တယ်ဆိုတဲ့အကြောင်း ဘာ့ကြောင့် စဖွင့်ပြောသင့်တယ် ဆိုတာ"

"ကောင်မလေးဘက်က ကောင်လေးကို ချစ်တယ်ဆိုတဲ့အကြောင်း ဘာ့ကြောင့် စဖွင့်ပြောသင့်တယ် ဆိုတာ"

ရည်းစားဖြစ်လာဖို့ ပိုးကြပမ်းကြတဲ့အကြောင်း ပြောမယ်ဆိုရင် ကောင်လေးတွေဘက်ကသာ ကောင်မလေးတွေကို ချစ်နေကြိုက်နေတဲ့အကြောင်း ဖွင့်ပြောရတယ်လို့ အားလုံး သိထားကြပါတယ်။ ဒါဆို ကောင်မလေးတွေက အရင်ဖွင့်ပြောမယ် ဆိုရင်ရော။ အားလုံးက မပြောသင့်ဘူးလို့ ဆိုကြမှာပါ။ ဒါပေမယ့် ပြောသင့်တဲ့ အကြောင်းလေးတွေ ရှိနေပါသေးတယ်။ အဲဒါတွေကတော့-

၁။ ကောင်လေးဘက်က သင့်ကို အရင် ဖွင့်ပြောစေချင်နေရင်

အချို့ ယောကျာင်္းလေးတွေရှိပါတယ်။ သူတို့ကို မိန်းကလေးဘက်က တွေ့ဖို့ စချိန်းရင် သဘောကျတတ်ကြပါတယ်။ Cosmo ဆိုတဲ့ ၀က်ဘ်ဆိုက်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းကောက်ယူမှု အရလည်း ၉၅ ရာခိုင်နှုန်းသော ယောကျာင်္းလေးတွေဟာ သူတို့က အရမ်းဟော့တဲ့ မိန်းကလေးတစ်ယောက်က စတင်ဖွင့်ပြောလာတာကို သဘောကျတတ်ပါတယ်တဲ့။ သင် ဟော့တယ်ဆိုတဲ့အကြောင်း သူသိပါစေ။

၂။ ကောင်လေးက ဖွင့်ပြောဖို့ ရှက်နေရင်

ယောကျာင်္းလေးတွေအတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေဖို့လိုပါတယ်။ အဲဒီကောင်လေးဟာ ရှက်တတ်တဲ့သူတစ်ယောက် ဖြစ်နေမယ်ဆိုရင်တော့ သင့်ကို ဖွင့်ပြောဖို့ အစီအစဉ်ရှိမှာ မဟုတ်ပါဘူး။ သင်ပြောရင်ပြော၊ မပြောရင် ဘယ်သူမှ ပြောဖြစ်မှာ မဟုတ်ပါဘူး။

၃။ သင်လိုချင်တာကို သင်သိပြီး သိတဲ့အတိုင်း လုပ်တာဟာ သင့်ကို Sexy ဖြစ်စေပါတယ်။

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ဖြစ်ချင်တဲ့အတိုင်း ဖြစ်အောင် လုပ်တတ်တဲ့ မိန်းမတွေဟာ Sexy ဖြစ်တတ်ကြပါတယ်။ သင့်ရဲ့ ဘ၀မှာ၊ သူငယ်ချင်းတွေကြားမှာ၊ မိသားစုထဲမှာ၊ အလုပ်ခွင်မှာ သင်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ပြီးတဲ့နောက် အချစ်ရေးမှာလည်း Sexy ဖြစ်ပါစေ။

၎။ ဒါဟာ သင့်အတွက်လည်း ဖြစ်ပါတယ်

ရည်းစားထားတယ်ဆိုတာ ယောက်ျားလေးတွေရဲ့ ခံစားချက်သက်သက် မဟုတ်ပါဘူး။ မိန်းကလေးတွေရဲ့ ခံစားချက်နဲ့လည်း ဆိုင်ပါတယ်။ ခံစားချက်ချင်း ထပ်တူကျတဲ့ ၂ ယောက်အတူ လက်တွဲတာပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်ဘက်က အရင် ကောင်လေးကို သင့်ရဲ့ ခံစားချက်တွေ ပြောပြလိုက်လို့ ရပါတယ်။

၅။ ဘာအတွက်မှ မဟုတ်ရင်တောင် ဒါဟာ လေ့ကျင့်မှုတစ်ခုဖြစ်ပါတယ်

သင်ဟာ ဘ၀မှာ လိုချင်တာတွေကို ငုတ်တုတ် ထိုင်စောင့်နေမှာ မဟုတ်ဘူး။ လိုချင်တာကို ကိုယ့်ဘက်ကအရင် ရအောင်ယူမှာပါ။ မရခဲ့ရင်လည်း နောက်တစ်ခါမှာ ရစေဖို့အတွက် အရင်ကြိုးစားခဲ့တဲ့ အတွေ့အကြုံက အကူအညီ ပေးနိုင်ပါတယ်။ ဒါကြောင့် အချစ်ရေးမှာလည်း ဒီလိုလေ့ကျင့်ထားခြင်းဟာ သင့်ကို အပျိုကြီး မဖြစ်စေတော့ပါဘူး။


Credit : Trend Myanmar



Lutaw Lupyaw

No comments:

Post a Comment