"ကမ္ဘာ့ပထမဆုံး ပြေးမလွတ်၊ ပစ်မလွဲကျည်ဆံ"
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌါန DARPA ဟာ ပစ်မှတ်ကိုလိုက်၍ ထိအောင်ပစ်နိုင်သော
ကျည်ဆံတမျိုးကို စမ်းသပ်ထုတ်လုပ်နေပါတယ်။ ၎င်းကျည်ဆံကို တမင်တကာပစ်မှတ်နှင့်လွှဲ၍
ပစ်လွှတ်လိုက်သော်လည်း လေထဲတွင် တမိုင်ကျော် အကွာအဝေးတွင်ရှိသော ပစ်မှတ်ကို
မိမိဘာသာပဲ့ထိမ်းပြီး ပစ်မှတ်ကိုလိုက်ပြီး ထိအောင်ပစ်နိုင်ပါတယ်။ ၎င်းကျည်ဆံကို ကြိုက်သည့်အချိန် နေ့၊ ည မရွေး လေထန်နေသည်ဖြစ်စေ၊ ရွေ့လျားနေသည်ဖြစ်စေ ပစ်မှတ်ကို ထိအောင်ပစ်နိုင်တယ်လို့ သိရပါတယ်။ အခု စမ်းသပ် ထုတ်လိုက်ပြီဖြစ်ပါတယ်။
တမိုင်ကျော်ထိအကွာအဝေးကို ပစ်နိုင်တဲ့အပြင် ရွေ့လျားတာကိုလဲ လိုက်ပြီး ထိအောင် ပစ်နိုင်တယ်ဆိုတော့ ပြေးမလွတ်၊ ပစ်မလွဲကျည်ဆံလို့ ပြောလို့ရနိုင်ပါတယ်။ ကတုတ်ကျင်း၊ နံရံ ဘယ်အကာအကွယ်မှ ယူလို့မရတော့ပါ။
smart bullets/self-guided bullets
Ohn Mar Oo
Thursday, April 30, 2015
"ကမ္ဘာ့ပထမဆုံး ပြေးမလွတ်၊ ပစ်မလွဲကျည်ဆံ"
Labels:
နည်းပညာ,
နိုင်ငံတကာ သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment