Monday, April 27, 2015

"ခွေးတွေဟာ ပင်ကိုယ်အားဖြင့် လူတွေလိုပဲလို့ သုတေသန သိပ္ပံပညာရှင်တွေ ဖွင့်ဟ"

"ခွေးတွေဟာ ပင်ကိုယ်အားဖြင့် လူတွေလိုပဲလို့ သုတေသန သိပ္ပံပညာရှင်တွေ ဖွင့်ဟ"

ခွေးတွေ လူနဲ့ ဘာမှမခြားကြောင်း အများစုက ပြောဆိုကြပါတယ်။ ဒါ မမှားပါဘူး။ ကျွန်ုပ်တို့ လူတွေလိုပဲ ခွေးတွေလည်း အချစ်ကို ရယူခံစားလိုကြပါတယ်။

ဂျပန်နိုင်ငံက သုတေသနဟာ ခွေးသခင် အယောက် ၃၀ နဲ့ သူတို့ခွေးတွေ မျက်လုံးချင်း စိုက်ကြည့်နေစေခဲ့ပါတယ်။ အချင်းချင်း အချိန်ကြာစိုက်ကြည့်လေလေ၊ oxytocin များများထုတ်ပေးလေလေ ဖြစ်ပါတယ်။

အောက်စီတိုဆင် (oxytocin) ဆိုတာ သံယောဇဉ်တွယ်တာမှု၊ ချစ်ချင်းမေတ္တာနဲ့ ဖွဲ့တည်ထားတဲ့ ဟော်မုန်းဖြစ်ပြီး ကလေးတွေနဲ့ သူတို့မိဘတွေကြား သံယောဇဉ်ဖြစ်စေတဲ့ ဟော်မုန်းလည်း ဖြစ်ပါတယ်။

နောက်ပြီး ဝံပုလွေတွေမှာလည်း သူ့သခင်နဲ့ ဒီလို သံယောဇဉ် တွယ်တာမှုတွေ ရှိ၊ မရှိ စူးစမ်းလေ့လာခဲ့ပါသေးတယ်။ ဝမ်းနည်းဖွယ်ကောင်းတာက ဝံပုလွေတွေဟာ အိမ်မွေးခွေးကဲ့သို့ မဟုတ်ဘဲ ခေါင်းမာပြီး သူတို့သခင်နဲ့ မျက်လုံးချင်း ရင်ဆိုင်ကြည့်မနေခဲ့ပါဘူး။

မိမိခွေးနဲ့ မျက်နှာချင်းဆိုင်တဲ့အခါ သူ့ကိုချီးမွမ်းပြီး ချစ်စရာကောင်းတဲ့ အပြုမအမူတွေ လုပ်ပြပါ။ ဒီလိုလုပ်ဖန်များလာရင် မိမိနှစ်သက်သဘောကျတဲ့ အရာတွေ သိရှိလာပြီး သူ မကြာခဏ eye contact လုပ်လာ ပါလိမ့်မယ်။ ဒီနည်းဖြင့် ခွေးနဲ့ သခင်အကြား အပြုသဘောဆောင်တဲ့ ဆက်နွယ်မှုတွေ ပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။ 

Credit: Trend Myanmar



Lutaw Lupyaw

No comments:

Post a Comment