Sunday, April 19, 2015

"လူချစ်ဆေး(၁၀)မျိုး၊ (သို့မဟုတ်) လူမှုဆက်ဆံရေး ရွှေစည်းးမျဉ်း (၁၀) ချက်"

"လူချစ်ဆေး(၁၀)မျိုး၊ (သို့မဟုတ်) လူမှုဆက်ဆံရေး ရွှေစည်းးမျဉ်း (၁၀) ချက်"

၁။ နာမည်တွေကို မှတ်မိအောင် ကျက်ထားပါ။ မိမိက သူတစ်ပါးကို အလေးအနက်မထားရင် သူတစ်ပါးကလည်း အလေးအနက် ထားမှာ မဟုတ်ပါ။

၂။ သိမ်မွေ့ ပျော့ပျောင်းတဲ့လူ ဖြစ်ပါစေ။ ဒါမှ ဆက်ဆံရေးမှာတင်းမာမှု မရှိဘဲ ပြေပြစ်မှာပါ။

၃။ အေးအေးသက်သာနှင့်လိုက်လျောတတ်တဲ့ အရည်အချင်း မွေးပါ။ ဒါဆို ကိုယ့်ကို မဆန့်ကျင်ကြတဲ့အတွက် ရန်အေးပါတယ်။

၎။ တစ်ကိုယ်ကောင်းစိတ်နှင့် အတ္တမဆန်ပါနှင့်။ အတ္တကြီးမှုကို အတတ်နိုင်ဆုံး ရှောင်ကြည်ပါ။ စောင့်ထိန်းပါ။

၅။ လူတိုင်းကို စိတ်ဝင်တစား တန်ဖိုးထားပါ။ ညီမျှတဲ့တုန်ပြန်ချက်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရလာပါလိမ့်မယ်။

၆။ မိမိရဲ့ ၀တ်စားနေထိုင်မှုမှာ နမော်နမဲ့ ပေါ့ဆမှုတွေကို သုံးသပ်လေ့လာပြီး ပြင်ဆင်ပါ။

၇။ ဘာသာရေးအဆုံးအမတွေကို ရိုးသားစွာလိုက်နာခြင်းဖြင့် မိမိနားလည်မှုလွဲခဲ့တာ၊ လွဲနေတာတွေကို ပျောက်ကင်းအောင်ကုသပါ။ ဘယ်သူနှင့်မဆို အတတ်နိုင်ဆုံး အနစ်နာခံပါ။

၈။ လူတွေကို အမှန်တကယ် နှစ်သက်လိုလားတတ်အောင် လေ့ကျင့်ပါ။

၉။ ကြိုးပမ်းအောင်မြင်မှုမှန်သမျှကို အနည်းဆုံး ဂုဏ်ပြုစကားတစ်ခွန်းတော့ ပြောလိုက်ပါ။ မုဒိတာပွားပါ။ ဒီအခွင့်အရေးကိုလက်လွှတ် မခံပါနှင့်။ ဒါနှင့်အမျှ ၀မ်းနည်းကြေကွဲစရာတွေ့ကြုံသူ၊ စိတ်မချမ်းမသာဖြစ်နေသူကို စာနာသနားမှုပြုပါ။ ကရုဏာပွားပါ။

၁၀။ လူတွေကို စိတ်ဓာတ်တက်ကြွအောင် အားပေးပါ။ ဒီလိုအားပေးမှုကြောင့် မိမိကို လှိုက်လှိုက်လှဲလှဲ ချစ်ခင်လာကြပါလိမ့်မယ်။

Credit : Aye Chan Mon



Lutaw Lupyaw

No comments:

Post a Comment