"လေ့ကျင့်ခန်းလုပ်ပြီးကာစ အချိန်တွေမှာ အသင့်စား အစားအစာတွေကို စားသုံးခြင်းဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ အသုံးဝင်"
ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ပြီးကာစ အချိန်တွေမှာ အသင့်စား အစားအစာ တွေကို စားသုံးခြင်းဟာလည်း ကိုယ်အလေးချိန် လျှော့ချရာမှာ အသုံးဝင်စေတယ်လို့ လေ့လာမှုတစ်ခုက အခိုင်အမာ ဆိုလိုက်ပါတယ်။
သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ လေ့ကျင့်ခန်း လုပ်ပြီးကာစ ကုန်ဆုံးသွားတဲ့ အားအင်တွေ ပြန်လည်ပြည့်ဝလာဖို့ အနားပေးရတဲ့ အချိန်တွေမှာ ဘာအစားအစာကိုပဲ စားစား သင့်တော်တယ်ဆို တာကို တွေ့ရှိခဲ့ကြတာပါ။
အဲဒီလို အနားယူနေတဲ့ အချိန်တွေမှာ အားအင်တွေ ပြန်လည်ပြည့်ဝလာဖို့ စားတဲ့ အစားအစာအဖြစ် ဟမ်ဘာဂါ ၊ ဟော့ဒေါ့နဲ့ ဆန်းဝစ်ခ်ျ တို့လို အသင့်စား အစားအစာတွေကို စားသုံးတဲ့အခါ ကြွက်သားတွေက လောင်စာအဖြစ် အသုံးပြုရတဲ့ ဂလိုင်ကိုဂျင် ပမာဏဟာ အနည်းငယ် မြင့်မားလာပေမယ့် အခြား ပါဖောမန့်စ်တွေကတော့ နဂိုအတိုင်းပဲ ရှိနေတာကို တွေ့ရမှာပါ။
ထိုလေ့လာမှုကိုတော့ အားကစားသမား အမျိုးသား ၁၁ ယောက်အား မိနစ် ၉၀ ခန့် လေ့ကျင့်ခန်း လုပ်ခိုင်းပြီး ၁၂ နာရီအတွင်း ကိတ်မုန့်၊ လိမ္မော်ရည်၊ ဘာဂါ၊ အားလူးချောင်းကြော်နဲ့ ကိုကာကိုလာတို့ကို စားသုံးစေခဲ့ပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။
ထိုလေ့လာမှုကိုတော့ International Journal of Sport Nutrition and Exercise Metabolism ဆိုတဲ့ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
Credit: Trend Myanmar
lutawlupyaw
No comments:
Post a Comment