Thursday, April 30, 2015

"ပထမဆုံး အမေရိကန်ဖျော်ဖြေရေးခရီးသွားဖို့ ပြင်ဆင်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်"

"ပထမဆုံး အမေရိကန်ဖျော်ဖြေရေးခရီးသွားဖို့ ပြင်ဆင်နေတဲ့ စိုင်းစိုင်းခမ်းလှိုင်"

စိုင်းစိုင်းခမ်းလှိုင်၏ ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံ ဖျော်ဖြေရေးခရီးစဉ်ကို မေလဆန်းတွင် သွားရောက်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုနှင့် နယူးယောက်မြို့တို့တွင် မေလ ၉ ရက်မှစ၍ မြန်မာနိုင်ငံမှ အဆိုတော်ခုနစ်ဦး သွားရောက်ဖျော်ဖြေမည့် ‘7Star ဒိတ်ဒိတ်ကြဲ Night’ ဖျော်ဖြေပွဲတွင် စိုင်းစိုင်းခမ်းလှိုင်နှင့်အတူ နန္ဒစိုင်း၊ ဘန်နီဖြိုး၊ Snare၊ သီရိဆွေနှင့် မိစန္ဒီတို့ပါဝင်မည်ဖြစ် သည်။

အဆိုပါပွဲနှင့်ပတ်သက်၍ စိုင်းစိုင်းခမ်းလှိုင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပထမဆုံး ဖျော်ဖြေရေး အမေရိကန်ခရီးစဉ် ဖြစ်ကြောင်း ရေးသားထားခဲ့သည်။ ‘‘အမေရိကန်မှာ သွားဖျော်ဖြေဖို့ဆိုရင် အခုက လိုတော့လိုသေးတယ်။ နီးမှပဲသေသေချာချာ စီစဉ်ပြီးသွားမှာပါ’’ ဟု စိုင်းစိုင်းခမ်းလှိုင်က ပြောသည်။

အမေရိကန်နိုင်ငံတွင် သွားရောက်ဖျော်ဖြေရန် ပါဝင်သည့် အဆိုတော်များအားလုံး ဧပြီ ၂၉ ရက်တွင်   ဗီဇာရရှိပြီးကြောင်း အဆိုပါပွဲစီစဉ်သည့် Winbrot-hers က ၎င်း၏ လူမှုကွန်ရက်စာ မျက်နှာ၌ ဖော်ပြထားသည်။

အမေရိကန်နိုင်ငံတွင် ဖျော်ဖြေမည့်ပွဲများမှာ မေလ ၉ ရက်တွင် ဆန်ဖရန်စစ္စကို၊ ၁၆ ရက်တွင် လော့စ်အန်ဂျလိစ်မြို့နှင့် ၃၀ ရက်တွင်    နယူးယောက်မြို့တို့ဖြစ်ကြောင်း သတင်းရရှိသည်။


Credit : 7day Daily


No comments:

Post a Comment